မကြိုက်သင့်သောတီချယ်🫀 P-8

3.4K 166 4
                                    

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၈)


ခဏလေးအတွင်းဆေးရုံးကားရောက်လာပြီ နွေးကိုဆေးရုံးစီသို့ခေါ်ဆောင်သွားကြတယ်။နွေးကိုကုသပေးတဲ့ဆရာ၀န်တွေရဲ့ပြောကြားချက်အရ နွေးက အပြင်းဖျားတာဖြစ်ပြီ ရာသီဥတုမမှန်တာတွေကြောင့်ကျန်းမာရေးအခြေအနေပိုဆိုးသွားတာပါတဲ့ ကြီးကြီးမားမားစိုးရိမ်စရာမရှိပါဘူးလို့ပြောမှ နွေးမိဘတွေ ရင်ထဲကအပူလုံးကျသွားသည်။ နွေးကတော့ အခုထိနိုးမလာသေးဘဲဆေးရုံးကုတင်မှာ အိပ်စက်အနားယူနေတုန်းပေါ့။
ခဏအကြာ-

"အား...ခေါင်းမူးလိုက်တာ"

"သမီး နိုးပြီလား"

"မားမား သမီးဆေးရုံးရောက်နေပြန်ပြီလားဟင်"

"ဟုတ်တယ် သမီးရယ် မားမားတို့က သမီးတစ်ခုခုဖြစ်ပြီအထင်နဲ့စိတ်ပူလိုက်ရတာ တော်ပါသေးတယ် ဘာမှကြီးကြီးမားမားမဖြစ်လို့"

"သမီးကြောင့် မားမားတို့လည်းပင်ပန်းနေရောပေါ့"

"မပင်ပန်းပါဘူး သမီးလေးကြောင့်ပင်ပန်းတာမျိုးတွေမရှိပါဘူး"
နွေးဆေးရုံးအခန်းတံခါးနားကနေ၀င်၀င်လာချင်းပြောလိုက်တဲ့နွေးပါးပါး။

"ပါးပါး"

"ပြောလေ သမီး"

"ပါးပါးလက်ထဲကဘာတွေလဲ"

"သမီးလေးအတွက်မုန့်တွေ"

"အဲဒါကြောင့်ပါးပါးကိုချစ်တာ"

"ဒါဆို မားမားကိုကြမချစ်ဘူးပေါ့"

"မားမားကိုလည်းချစ်ပါတယ်ရှင့်"

"ဟုတ်ပါပြီအချွဲစိန်လေးရယ် ‌ဗိုက်‌ဆာနေပြီလား"

"အင်း ဆာနေပြီ"

"ရော့...ဒီမှာ သမီးလေးအတွက်မုန့်"

"ဟုတ်"

ငယ်ဘက်တွင်-

"ဟိုကလေးမ နေ‌ပြန်ကောင်းပြီလား မသိ"

'Baby Shark Doo Doo Doo Doo Doo Doo'
ဖုန်းလာသံ

"ဟယ်လို"

"တီချယ်မာနငယ်လားဗျ"

"ဟုတ်ပါတယ် ဘယ်သူလဲရှင့်"

"ကျွန်တော်က ‌မေတ္တာနွေးရဲ့အဖေပါ ‌သူအခုနေမကောင်းလို့ဆေးရုံးတင်ထားရတာ ဆရာ၀န်က ၃ရက်လောက်စောင့်ကြည့်ရအုံးမယ်ဆိုလို့ ခွင့်လာတိုင်တာပါဗျ"

မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now