မကြိုက်သင့်သောတီချယ်🫀 P-24

2.4K 131 3
                                    

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၂၄)

ကျောင်းပြန်တက်ရတဲ့နေ့လေးတစ်နေ့။
အေးစက်ပြီးမာကျောကျောပါတယ်ဆိုတဲ့မျက်နှာဟာပိုမိုတင်းမှာနေခဲ့သည်။လမ်းလျှောက်နေသည့်ပုံမှာမော်ဒယ်နည်းတူဖြစ်နေသည်။ရင်ကိုကျော့မော့စွာကော့ထားကာဘယ်ကောင်မှ‌ေxာက်ဂရုမစိုက်ဘူးဆိုတဲ့ပုံနဲ့လျှောက်လာသူမှာမေတ္တာနွေးပင်ဖြစ်သည်။ပုံမှန်ထက်ပိုအဆိပ်ပြင်းနေတဲ့နွေးရဲ့အလှဟာမြင်သူတိုင်းကိုရူးသွပ်စေသည်။

"အချစ်!.... လွမ်းနေတာ"
(ပျို)

အချစ်ဟုခေါ်ကာပြေးဖက်လိုက်သူမှာအခြားသူမဟုတ်ပါ။ပျိုခင်မောင်ပင်ဖြစ်သည်။

"၁၀ရက်လေးပဲခွဲရတာကိုး"
(နွေး)

"ဟုတ်ပ သူကိုကပိုနေတာ"
(နှင်း)


"ဟွန့်...ဘာဖြစ်လဲ ငါဟာငါလွမ်းတာကိုး... ငြိုငြင်တာလား"
(ပျို)


"မငြိုငြင်ရဲပါဘူး အချစ်ရယ်"
(နွေး)


"သေချာလို့လား"
(ပျို)

"သေချာတာပေါ့ အချစ်ရဲ့"
(နွေး)


"ဒါဆိုငါကိုရော လွမ်းဘူးလား ပျို"
(နှင်း)


"လွမ်းတာပေါ့ သဲလေးရဲ့"
(ပျို)


"ရှင်တို့ကကျွန်မကိုမေ့သွားပြီလား"
(လမင်း)

အနောက်ကနေအသံစူးစူးလေးနဲ့အော်လိုက်သူမှာလမင်းပင်ဖြစ်သည်။အရပ်သာပုတာအသံကတော့‌‌ လော်စပီကာအရှုံးပေးရတယ်။

"မေ့စရာလား ငါသဲလေးကို"
(နှင်း)


"မယုံရဲပါ"
(လမင်း)


"ယုံလိုက်ပါ နော်"
(နှင်း)


"အော်...ဒါနဲ့သံစဉ်ရော"
(နွေး)


"သူကိုကိုကို့သွားငမ်းနေလေရဲ့"
(ပျို)


"ငမ်းပါစေလေ... သူကငါတို့အဖွဲ့ထဲမှာတစ်ယောက်ထဲဆင်ဂယ်နေတော့လဲ"
(လမင်း)


"နှစ်ယောက်ဖြစ်သွားပြီ....ကိုယ်ချစ်သူနဲ့ပြတ်သွားပြီ"
(နွေး)


"ဟယ်.. ဘယ်လို့!...ရည်းစားထားတာလား ချစ်သူထားတာလား"
(နှင်း)


မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now