မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၁၄)"နွေး အဲလောက်မကြည့်နဲ့လေ ဆရာမရှက်လာပြီ"
"တီချယ်ကချောနေတော့ကြည့်နေမိတာပါ"
"အမလေး ရှင်လေးတော်တော်တတ်"
"အမှန်အတိုင်းပြောတာပါနော်"
"မယုံပါ"
"မယုံလည်းနေ"
"ဒါကဘာလဲ စိတ်ဆိုးသွားတာလား"
"မဟုတ်ပါဘူး"
"ဟုတ်ပါတယ်"
"မဟုတ်ပါဘူးဆိုနေ"
"ကဲ...အခုကြည့်ပါလား"
"စိတ်မဆိုးဘူးရပြီလား...ဒါနဲ့ တီချယ်ကဘာလို့ကိုယ်အိမ်လာတာလဲဟင်"
"စာမလုပ်တဲ့ကလေးမကို စာလာသင်တာ"
"ဗျာ!"
"မလန့်သွားပါနဲ့ကွယ် ဆရာမကနောက်တာ"
"တီချယ်နော် အဲလို့တော့မနောက်ပါနဲ့ဗျာ"
"တဗျာဗျာ မိန်းကလေးဖြစ်ပြီတော့"
"ကိုယ်က ဗျာနဲ့ရှင့် နှစ်ခုလုံးသုံးတယ်"
"ရှင့်ဘဲသုံး"
"မသုံးနိုင်ပါ"
"ကလေးငယ် ဆရာမပြောနေတယ်လေ ရှင့်လို့ဘဲသုံးနော်"
ချိုသာလှတဲ့အသံနဲ့ပြောနေတဲ့တီချယ်ကို နွေးခဗျာအသည်းတွေယားနေတာပေါ့။ ဒီလောက်ချစ်ဖို့ကောင်းအောင်ပြောနေမှတော့ငြင်းနိုင်မှာမဟုတ်ပါ။ ဒါပေမဲ့ နွေးကမတည်နိုင်တဲ့ကတိကိုပေးလေ့မရှိဘူးလေ။ဒါကြောင့်ငြင်းရပါမည်။
"မသုံးနိုင်ဘူး နှစ်ခုလုံးသုံးတတ်တာမကောင်းဘူးလား"
"မကောင်းဘူး"
"အဲဒါတွေထား... ဘာလို့အိမ်လာလည်တာလဲလို့"
"ကလေးငယ်ရဲ့အဒေါ်ကိုမေးပေါ့"
"အဒေါ်? ကိုယ်အဒေါ်ဒီနေ့သူ သူငယ်ချင်းနဲ့လာမယ်လို့တော့ပြောတယ် ဒါဆို..."
"အင်း ဟုတ်တယ် ဟောဒီကဆရာမချောချောလေးက မင်းရဲ့အဒေါ်သူငယ်ချင်းပါရှင့်"
YOU ARE READING
မကြိုက်သင့်သောတီချယ်🫀
Romance"တီချယ်ကကိုယ့်အတွက်မကြိုက်သင့်သောတီချယ်ပဲ ဘာလို့မကြိုက်သင့်တာလဲဆိုရင်ချစ်သင့်သောတီချယ်ဖြစ်နေလို့လေ"