မကြိုက်သင့်သောတီချယ်🫀 P-27

2.7K 142 4
                                    

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၂၇)



"လရောင်ကင်းတဲ့ညလေးတစ်ညမှာလွမ်းဆွတ်မိတဲ့သူလေးကိုတွေ့ရရင်သိပ်ကောင်းမှာပဲ။ကလေးငယ်...တို့ဘာဆက်လုပ်သင့်လဲဟင်။မနက်ဖြန်ကျောင်းပြန်တက်ပြီးကလေးတွေကိုစာပြန်သင်ပေးရဦးပဲ...ခွင့်ရက်ရှည်ယူထားမိလို့စာတွေလည်းနောက်ကျကုန်ပြီ...ထွက်နေတဲ့သတင်းတွေကို ကလေးတွေမေးလာရင်ဘယ်လို့ဖြေရှင်းရမှန်းမသိတော့ဘူး ကလေးငယ်ရယ်........သိပ်လွမ်းတာပဲ"

ဒီညတော့တော်ရုံနဲ့အိပ်ပျော်မည်မထင်ပါ။

ငယ်ကျောင်း၀န်းထဲ၀င်လိုက်သည့်နှင့်ကျောင်းသား/သူတွေရဲ့ရွံ့ရှာသလို့အကြည့်တွေနဲ့တီးတိုးပြောဆိုသံတွေကိုကြားနေရသည်။သို့သော်ငယ်ဂရုမစိုက်ပါ... ပတ်၀န်းကျင်ဆိုတာဒီလို့ပဲမလား။ပုံမှန်ဆိုတွေ့တာနဲ့နှုတ်ဆက်နေကြကလေးတွေကအခုတော့ရှောင်ဖယ်နေကြပြီလေရဲ့။ဆရာမတွေကတော့ပြုံးပြရုံသာပင်။

ငယ်စာသင်ခန်းထဲမ၀င်မှီကြားလိုက်ရတာသည့်‌ကလေးတွေရဲ့အတင်းသတင်းတချို့။


"ဟဲ့ နွေးကတီချယ်နဲ့တွဲနေတာဆို ဟုတ်လား"


"ငါလည်းမသိဘူး ပျို နင်ရောသိလား"

"သူမှာချစ်သူရှိတယ်လို့တော့ပြောတယ် ဒါပေမဲ့ပြတ်သွားပြီဟ ထူးဆန်းတာကပြတ်တဲ့အချိန်ကငါတို့ဆရာမလက်ထပ်ဖို့၁ပတ်အလိုမှာပြတ်တာ"

"ဆရာမကနွေးကိုပလေးသွားတာလား"

"ဟင် ဟုတ်ပမလား"

"မသိတော့ပါဘူးဟယ်...ဟဲ့ ဟိုမှာ တီချယ်လာနေပြီ တော်တော့"

"အေအေ"

"ကဲ...ဆရာမလွှတ်သွားတဲ့စာတွေများနေတော့ဒီနေ့သေချာလေးလိုက်ကြည့်ပေးကြနော်"

"ဟုတ်ကဲ့"

ဒီလို့နဲ့ငယ်ကိုရွံ့ရှာတဲ့အကြည့်တွေနဲ့တစ်နေ့လုံးဖြတ်သန်းခဲ့ရပြီကျောင်းဆင်းချိန်သို့ရောက်လာခဲ့သည်။ထိုနောက်နွေးရှိရာဆေးရုံးစီကိုသာသွားခဲ့သည်။
တွေ့ပါပြီ ကုတင်ပေါ်ထိုင်ပြီစာဖတ်နေတဲ့ကလေးငယ်ကိုပေါ့။ဆေးရုံးခန်းထဲကလေးငယ်တစ်ယောက်ကိုသာတွေ့ရပြီးမိဘတွေကိုတော့မတွေ့ရပါ။


မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now