မကြိုက်သင့်သောတီချယ်🫀 P-19

2.9K 147 12
                                    

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၁၉)



စကားတပြောပြောနဲ့အချိန်တွေဘယ်လို့ကုန်သွားမှန်းတောင်မသိကြသည့်သူတို့နှစ်ယောက်။ညနေစောင်းဘက်တွင်ငယ်၏ဖုန်းမြည်လာသည်။


"ဟယ်လို"


".............."


‌"ဟုတ်ကဲ့ ရပါတယ် ‌ဒါဆိုသူကိုကျွန်မဘဲခေါ်ထားလိုက်မယ်နော်"

"............."

"ဟုတ်ကဲ့ ဒါပဲနော်"

"တီချယ် ဘယ်သူလဲ"

"မတော်ရသေးတဲ့ ယောက္ခထီး"

"ကိုယ်ပါးပါးလား"


"ဟုတ်တယ်"

စားပွဲပေါ်တွင်ရှိသည့်လက်ဖက်သုပ်ပန်းကန်ကိုလှမ်းယူနေရင်ဖြေလိုက်သည်။


"ပါးပါးကဘာလို့ဖုန်းဆက်တာလဲ"


"ရှင်ပါးပါးကနယ်မှာရှိတဲ့ ရှင်အဖွားကမေ့လဲသွားလို့ဆိုပြီ နယ်ခဏပြန်သွားတယ် သူသမီးဖြစ်တဲ့ရှင်လေးကိုလာမခေါ်အားတော့တာနဲ့ ကျွန်မအိမ်မှာဘဲတစ်ညသိပ်လို့ရလားတဲ့"

"ဒါဆိုကိုယ်က တီချယ်နဲ့အိပ်ရမှာပေါ့"

လူယုတ်မှာအပြုံးနဲ့နွေး။


"တို့နဲ့အိပ်ရမယ်လို့ ဘယ်သူပြောလဲ"

စားနေတဲ့လက်ဖက်သုပ်ပန်းကန်ကိုစားပွဲပြန်တင်လိုက်သည်။


"မေတ္တာနွေးဆိုတဲ့ကျွန်မကပြောတာ"

ငယ်ရဲ့လက်ကိုလှမ်းဆွဲလိုက်သည်။

"ကဲ...လွှတ်‌ လွှတ်လို့ဆိုနေ"

"မလွှတ်တော့ဘာဖြစ်ချင်လဲ"

"လူမြင်ကွင်းကြီးမှာဘယ်လို့ဖြစ်နေတာလဲ"

"လူမြင်ကွင်းကြီးမှာချစ်နေကြတာလေ"

ပြောပြောဆိုဆိုနဲ့ငယ်ရဲ့နှုတ်ခမ်းသားနီနီလေးကိုနမ်းလိုက်သည်။

"ဟာ..ကလေးငယ်!"

"ရှင် မာနလေးရဲ့"

"တော်ပြီကွာ တို့ဟင်းသွားချက်တော့မယ်"

မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now