မကြိုက်သင့်သောတီချယ်🫀 P-7

3.3K 174 2
                                    

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၇)

"အင်း ခုနက" ဒေါသထွက်နေဟန်ရှိပေမဲ့ မျက်ရည်များဝဲနေသည့် တီချယ်။

"တီချယ်အဆင်ပြေရဲ့လား"

"ပြေတယ် မင်းခုနက အဲကောင်လေးတွေနဲ့စကားပြောနေတာဆရာမ မကြိုက်ဘူး"

"ဘာလို့"

"ဘာလို့မှန်းဆရာမ မသိတော့ဘူး ဒါပေမဲ့ သူတို့မပက်သက်ပါနဲ့လား" အသံကမာပေမဲ့ငိုတော့မဲ့မျက်နှာလေးနဲ့ပြောနေတဲ့တီချယ်ကို နွေးတကယ်နားမလည်တော့ပါ။

"အာ...ဟုတ်ကဲ့ သမီးနောက်ဆိုမပက်သက်တော့ပါဘူးနော်"

" တီချယ်က သမီးကိုကိုယ်တူမလေးတစ်ယောက်လို့သဘောထားမို့သမီး ရည်းစားထားတာမျိုး တီချယ်မကြိုက်ဘူး ဒါကြောင့်ယောက်ကျားလေးတွေနဲ့ကင်းကင်းရှင်းရှင်းနေပေးပါ တီချယ်မှာ ဒီလို့ပြောပိုင်ခွင့်မရှိဘူးဆိုတာသိပါတယ် ဒါပေမဲ့ တီချယ်စကားကိုအလေးထားပေးပါ"

ငယ်တစ်ယောက် မပြောသင့်တဲ့စကားတွေဆိုတာသိ‌ ပေမဲ့ပြောဆိုနေမိခဲ့တယ်။

"တီချယ် သမီးက biတစ်ယောက်ပါ ယောက်ကျားလေးတွေနဲ့ကင်းကင်းရှင်းရှင်းနေရရင်တောင် မိန်းကလေးတွေနဲ့တွဲဖြစ်မှာပါ"

"biကဘာလဲ သမီးပြောတာတီချယ် နားမလည်တော့ဘူး"

"biက ကျားမ မရွေးစိတ်၀င်စားသူကိုဆိုလို့တာပါ"

"ဒါဆို သမီးက?"

"ဟုတ်ပါတယ် သမီးကLGBTတစ်ယောက်ပါ... တီချယ်ပြောသလို့ ယောက်ကျားလေးတွေနဲ့မပက်သက်တော့ရင် သမီး မိန်းကလေးတွေကိုဘဲပိုစိတ်ယိုင်လာမိမှာအမှန်ပဲ တီချယ်"

"သမီး ကျေးဇူးပြု၍ ချစ်သူရည်းစားမထားပါနဲ့လားဟင် တီချယ်မကြိုက်လို့ပါ"တိမ်၀င်နေတဲ့တီချယ်ရဲ့အသံ။

"ချစ်သူရည်းစားမထားဘဲနေလို့ရပါတယ် ဒါပေမဲ့ချစ်ရသူကိုတော့ကြူးခွင့်ပေးပါ"

"သမီးမှာ ချစ်ရသူရှိတာလား"

"အင်း ရှိပါတယ်"

"အော်... ဆရာမတစ်ယောက်တည်းနေချင်လို့ ခဏလောက်ထွက်သွားပေးပါ"

မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now