မကြိုက်သင့်သောတီချယ်🫀 P-29

2.7K 144 12
                                    

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၂၉)




"တီချယ် ကိုယ်တို့အခုဘာဆက်လုပ်ကြမလဲ"


"တီချယ်တို့မိဘတွေမတွေ့နိုင်တဲ့နေရာတစ်နေရာမှာခဏသွားနေကြမယ်....သဘောတူတယ်မလား ကလေးငယ်"

"သဘောကတော့တူပါတယ် ဒါပေမဲ့ကိုယ်တို့ရဲ့ကျောင်းကိစ္စတွေကရော...ကိုယ်ကကျောင်းသူမို့‌ကျောင်းပျက်ရက်များနေလည်းသိပ်ကိစ္စမရှိပေမဲ့တီချယ်ကရော..."


"စိတ်မပူပါနဲ့ အဲဒါအတွက်စဉ်စီထားပြီသား ကလေးတွေကိုအခြားဆရာမတစ်ယောက်ခဏအစားထိုး၀င်‌သင်ပေးလိမ့်မယ်...ဒါဆိုအခုပုန်းရှောင်ဖို့၀ယ်ထားတဲ့အိမ်စီသွားကြမလား"

"သွားကြတာပေါ့ "

ကားပေါ်မှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီအကြင်နာအနမ်းလေးနမ်းလိုက်ကြသည်။ထိုနောက်ငယ်ကကားကိုစတင်မောင်းပါတော့သည်။ငယ်ကတော့မိုးပြာရောင်ပါတိတ်၀တ်စုံလေးနဲ့အတော်ပင်ခန့်ညားနေပြီကျက်သရေရှိနေသည်။
နွေးကတော့the power of stylingပုံစံကိုမှအပေါ်အောက်နှစ်ခုလုံးကိုအမဲရောင်၀တ်ဆင်ထားသည်...သိပ်ကိုမိုက်နေတာပေါ့။တစ်ယောက်တစ်မျိုးစီနဲ့လှပတင့်တယ့်နေကြတယ်ထိုအမျိုးသမီးနှစ်ဦး။
အဝေးပြေးလမ်းမပေါ်မောင်းနှင်နေတဲ့ကားလေးတစ်စီး။ညနေ့ခင်းနေ၀င်ချိန်တွင်အိမ်လေးတစ်လုံးရှေ့သို့ရောက်လာခဲ့သည်။အိမ်ကနှစ်ထပ်တိုက်အိမ်ဖြစ်ပြီးမကြီးကျယ်မခန်းနားပေမဲ့နေလို့တော့ကောင်းသည်။‌ပတ်၀န်းကျင်ကလည်းအေးချမ်းတာပြီတိတ်ဆိတ်သည်။ငယ်တို့နှစ်ဦးအတွက်အဆင်‌ပြေဆုံးနေရာဒေသပင်ဖြစ်သည်။နှစ်ယောက်စလုံးကားပေါ်ကဆင်းပြီးအိမ်ထဲ၀င်သွားလိုက်ကြသည်။လူမနေတာကြောင့်ဖုန်တွေတော့အနည်းငယ်ရှိနေပြီးရှင်းစရာတွေလည်းရှိနေသည်။

"တီချယ်....ကိုယ့်ကားပေါ်ကပစ္စည်းတွေအ၀တ်တွေသွားယူလိုက်ဦးမယ် တီချယ်ကတော့နေမယ့်အခန်းကိုလိုက်ပြပေးပေါ့"

"တစ်ယောက်ထဲနိုင်လို့လား"

"တီချယ်ကောင်မလေးကဒီလောက်တော့အသာလေးပါ ဟော...ဒီမှာကြည့်ပါလား "

မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now