မကြိုက်သင့်သောတီချယ်🫀 P_23

2.4K 128 9
                                    

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၂၃)




ပုဂံခရီးတွင်ဒုတိယမြောက်နေ့ပေါ့။ကိုယ်သိပ်လာချင်တဲ့နေရာကိုလာနေရတာတောင်မပျော်နိုင်။ချစ်ရသူလေးရဲ့စိမ်းကားမှုတွေကြောင့်၀မ်းနည်းမှုတွေအပြည့်။ကိုယ်ဘက်ကစဆက်သွယ်ကြည့်တော့လည်းအကြောင်းမပြန်ခဲ့ပါ။ဒါနဲ့ပဲပလေးခံလိုက်ရပြီလားဆိုတော့စိတ်တို့က၀င်လာတော့သည်။


"လရောင်ထဲလမ်းလျှောက်ချင်တယ် ...ဘယ်ကိုရောက်နေလဲမစဉ်းစားဘူးကွယ်.... အို...အချစ်ရယ်... သွားကြစို့ လာနှစ်ယောက်တည်း... သီချင်းလေးညည်းမယ်.... တွေးကြည့်ကိုယ်သိပ်ပျော်မှာပဲ"


ဟိုတယ်ရဲ့လသာဆောင်မှာထိုင်ကာဆွေးတယ်ရဲ့သီချင်းလေးထဲကအကြိုက်ဆုံးအပုဒ်ကိုညည်းကဆွေးနေမိတော့သည်။


"အော် အချစ်ရယ် သိပ်လွမ်းတာပဲ....မင်းနဲ့အတူကြည့်ချင်တဲ့ကောင်းကင်းကလသာနေတဲ့မြင်ကွင်းလေးကသိပ်လှတာပဲ....ဒါပေမဲ့မင်းအလှတော့မှီမယ်မထင်....နှုတ်ခမ်းနီရဲရဲလေးနဲ့ဆရာမလေးကိုသိပ်ချစ်တာပဲရှင့်......"



ကြင်နာသူကဘယ်လောက်ပဲနာကျင်အောင်လုပ်ပါစေ မမုန်းရက်ဘူးဆိုတဲ့အတိုင်းပင်ဖြစ်နေတော့သည်။

______

ခက်ရချည်ရဲ့....မချစ်သောသူကိုလက်ထပ်ယူပြီးချစ်သောသူစီကထွက်ပြေးရတော့မယ်ကိုယ်အဖြစ်ကိုပြန်တွေးမိကာငယ်တစ်ယောက်စိတ်ညစ်နေလေ‌သည်။
ရင်ဆိုင်နိုင်မှန်းထင်ခဲ့ပေမဲ့တကယ်တမ်းကျရင်မဆိုင်ရဲခဲ့ပါ။

"ကလေးငယ်ရယ်... ဒီလို့အေးမြပြီးတိတ်ဆိတ်တဲ့ညကြတွေဆိုအပြုံးလေးကိုမြင်လိုက်တိုင်းရင်ထဲမှာအေးချမ်းစေပြီးအနေအေးတဲ့မင်းကိုသိပ်သတိရတာပဲ....မင်းရော ပုဂံမြေမှာ တို့ကိုသတိရနေရဲ့လား"

လသာဆောင်မှာထိုင်ပြီကိုယ်ရဲ့ချစ်သူလေး‌အကြောင်းတွေးမိကာတစ်ချက်ပြုံးမိသည်။သိသာတဲ့အပြုံးတော့မဟုတ်ပေ။မကြာခင်မှာခွဲရတော့မယ်ဆိုတဲ့အသိကငယ်ကိုနာကျင်စေသည်။

‌ဒီနေ့ကတော့နွေးရန်ကုန်ပြန်မယ့်နေ့ပေါ့။ချစ်ရသူလေးကိုအကြောင်းမကြားပဲSurpriseဖြစ်အောင်လုပ်ဖို့စဉ်းစားကာကိုယ်အတွေးနဲ့ကိုယ်ပျော်နေတော့သည်။
ရန်ကုန်ပြန်ရောက်ပြီးနောက်တစ်နေ့လည်းကြတီချယ်အိမ်ကိုနွေးသွားခဲ့သည်။ဘယ်သူတွေထင်ခဲ့မှာလဲ...စိတ်ပျက်စရာမြင်ကွင်းနဲ့သတင်းတစ်ခုကကိုယ်ကိုစောင့်နေမယ်ဆိုတာကိုပေါ့။


မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now