မကြိုက်သင့်သောတီချယ်🫀 P-5

3.7K 195 2
                                    

"မကြိုက်သင့်သောတီချယ်🫀"
အပိုင်း(၅)

21.6.23 မနက်ခင်းလေးတစ်ခုမှာ အတွေးကမ္ဘာထဲ ရောက်နေသူတစ်ဦးရှိလေသည် ထိုသူမှာ...↓

မင်းတို့သိလား...တီချယ်ရဲ့အပြုံး၊‌ခြေလှမ်း၊ဆူသံ အို..ကုန်ကုန်ပြောရရင် သူဘာလုပ်လုပ် ကိုယ်သဘောကျနေမိတာ။ ဆရာမပေးထားတဲ့ ဖုန်းနံပါတ်လေးနဲ့ညဘက်တွေဆို Viber မှာအပြေးလေးသွားရှာရတာ။ စကားပြောဖို့ရှာတာလားဆိုရင် ဟင့်အင်း။ မာနငယ်ဆိုတဲ့ အမျိုးသမီးလေးရဲ့ pfကသူပုံလေးကို ငမ်းချင်လို့။ ဟူးး...ဆရာမတစ်ယောက်အပေါ်ဒီလို့စိတ်မျိုးမထားသည့်တာ ကိုယ်သိပါတယ် ဒါပေမဲ့ နှလုံးသားတစ်နေရာမှာ ကိုယ်မြတ်နိုးရတဲ့ခွက်ရှ်မမနဲ့ အပြိုင်လုနေလေရဲ့။သူအကြောင်းတွေးနေရရင်တောင် ပျော်မိတာ ပိုင်များပိုင်ဆိုင်ရရင်ရူးသွားမလားပဲ။

"ဟိတ်...နွေး ဘာတွေများလွမ်းနာကျနေတာတုန်း" နားထဲကို၀င်လာသည့် နှင်း၏အသံ။

"ကိုယ်မှာ ပိုင်ရှင်လည်းမရှိသလို့ လွမ်းဖို့လူလည်းမရှိပါဘူး နှင်းရယ်"

"စကားပြောပုံ အန်တီကြီးစတိုင်နဲ့"

"ဟဲဟဲ...တူသွားလား"

"နင်က အေးဆေးနေလွန်းလှ‌တဲ့သူဆိုတော့ အန်တီကြီးစတိုင်နဲ့ပြောလည်း ကိုယ်ဘာမှမပြောနိုင်ဘူး ရေခဲတုံးလေးရယ်။"

"ဟ ကျွန်မစကားပြောပုံစံကို ရှင်ကခိုးတယ်ပေါ့ စကားပြောပုံစံကိုခိုးမယ့်အစား လူကိုသာခိုးသွားလိုက်ပါလားရှင့်"

"မခိုးတော့ဘူးနော် တင်ကျွေးဖို့ပိုက်‌ဆံတပြားမှကိုမရှိတာ နင်ကြောင့် ငါပြောမယ့်လိုရင်းတောင်ပျောက်ကုန်ပြီ"

‌"ဘာပြောမို့လဲ"

"၈တန်းက အစ်မတစ်ယောက်က နင်ကိုကြိုက်နေတာ အဲဒါ နင်ကို ဒီနေ့ကစပြီ စတင်ပိုးပန်းတော့မည်‌ဖြစ်ကြောင်း ‌ပြောကြားသွားပါတယ်ရှင့်:)"

"တကယ်မလွယ်ပါလား...အားနာစွာနဲ့ ငြင်းရအုံးမယ်"

"ဖွင့်ပြောတိုင်းဘာလို့ငြင်းလဲ နင်ကိုဖွင့်ပြောတဲ့သူတွေထဲမှာ အဆင်ပြေတဲ့လူတွေလည်း ပါတာကိုး"

မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now