မကြိုက်သင့်သောတီချယ်🫀 P-16

3K 147 2
                                    

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၁၆)



တီချယ်ပြန်သွားပြီကတည်းက သွားဖြီးနေတာ အခြားသူတွေမြင်ရင်အရူးလို့တောင်ထင်နိုင်သည်။ "တီချယ်ရဲ့အရှက်သည်းနေတဲ့အမူအရာကိုပြန်တွေးမိရင် တကယ်သဘောကျမိတယ်။ မှဲ့လေးတွေများတဲ့မျက်နှာလေးက နီရဲသွားပြီ မျက်နှာလေးကိုအခြားတစ်ဖက်လွှဲသွားတတ်တာက သိပ်ချစ်ဖို့ကောင်းတယ်။ ဒါပေမဲ့ သ၀န်လည်းတိုမိတယ် တီချယ်ရဲ့အရှက်သည်းနေတဲ့အပြုအမူတွေကို ကိုယ်ထက်ဘယ်သူကအရင်မြင်ခဲ့မလဲ.... သေချာပေါက် ဟိုလူကြီးပဲဖြစ်ရမယ်!" ။
နွေးခဗျာ ပျော်သွားလိုက် ဒေါသသထွက်လိုက်နဲ့ စိတ်မမှန်တော့ဘူးလို့ပြော‌ရင်တောင် ငြင်းနိုင်မည်မထင်။

မိဘတွေကိုပြန်ရောက်ပြီဖြစ်ကြောင်းပြောပြီးအခန်းထဲကို၀င်သွားလိုက်တော့သည်။ ငယ်စဉ်းစားမိသည်။ ကလေးငယ်တစ်ယောက်ကိုတွဲရင် ဖြစ်လာနိုင်မည့်အကြောင်းတွေ...ဝေဖန်ခံရမည့်သူမတို့အချစ် ပတ်၀န်းကျင်ရဲ့ဝေဖန်ပြောဆိုမှုတွေကို ငယ် ရင်မဆိုင်နိုင်ပါ။
ဆက်မတွေးချင်တော့တာနဲ့ရေချိုးခန်းထဲ၀င်ကာ ‌ကိုယ်လက်သန့်စင်လိုက်တော့သည်။

ည၉နာရီ‌ရောက်တော့ချစ်သူငယ်လေးကစာပို့လာပါသည်။

"တီချယ်"

"ရှင်"

"ပလစ်တယ်"

"ဟယ် ဘယ်မှာပလစ်လို့လဲ"

"ကိုယ်ကို စာမပို့ဘူးလေ ကိုယ်ကစောင့်နေတာကိုး"

"ကျွန်မကဘဲစာအရင်ပို့နေရင် သိက္ခာကျတာပေါ့ ကလေးငယ်ကအရင်ပို့တော့ရော ဘာဖြစ်မှာမို့လဲ"

"မသိဘူး "

"သိရမယ်"

"ကိုယ်သိတာဆိုလို့ တီချယ်ကိုချစ်ဖို့ပဲသိတာ"

"ဒီလို့အပြောကြွယ်ပုံနဲ့ဆိုရင် ရည်းစားများမှာသေချာတယ်"

"မများပါဘူး အပြောသာကြွယ်တာလူကမရှုပ်တတ်ဘူး"

"'ဘူး' နဲ့ဘဲပြောသွားပေမဲ့ ယုံချင်စရာမကောင်းနေ"

"နှာဘူးမလို့ ဘူးနဲ့ဘဲအဆုံးသတ်တာပါ တီချယ်ရယ်"


"ပေါ်ပြီ ပြောစမ်းပါဦး ဘယ်လို့တွေနှာဘူးထလဲဆိုတာ"


မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now