မကြိုက်သင့်သောတီချယ်🫀 P-22

2.5K 126 13
                                    

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၂၂)




ဒီနေ့ကတော့စာမေးပွဲဖြေရမယ့်ပထမဆုံးနေ့ပေါ့။ကျောင်း၀န်းထဲကိုမ၀င်ခင်ကမကြောက်ပေမဲ့ကျောင်း၀န်းထဲကို၀င်လိုက်တော့ "အော် စာမေးပွဲဖြေရတော့မှာပါလား"ဆိုတဲ့စိတ်ကြောင့်ကြောက်လန့်မိသည်။ပထမဆုံးဖြေရမည့်ဘာသာကမြန်မာမို့မြန်မာစာပြန်‌ကျက်နေသောမေတ္တာနွေး။
‌မုန့်စားရုံအရှေ့ကသစ်ပင်ကြီးအောက်မှာစာပြန်‌ကြည့်နေရင်းအနောက်နေတစ်ယောက်ယောက်ကလှမ်းခေါ်လိုက်သည်။



"စာတွေရပြီလား ပိစိ"


"အော် မမ....စာကရပြီ မရသေးတာမိန်းမ"


"အစ်မတောင်ပိစိအရွယ်တုန်းကက‌စားလို့ကောင်းတုန်း"


"တစ်ယောက်နဲ့တစ်ယောက်မှမတူတာ"



"ငယ်ငယ်ရွယ်ရွယ်နဲ့အရမ်းတွေမိန်းမလိုချင်နေလိုက်"



"ဟီးး သားကဒီတိုင်းပြောတာကိုး"


"ဘာသားလဲ ခွေးသားလား"


"ဟာ မမနော်"



"စတာပါ စိတ်ဆိုးနဲ့"


"ပြီရော"


"ဒါဆို အစ်မသွားတော့မယ်နော်"


"ဟုတ်ကဲ့ မမ"


ဒီလို့နဲ့စာပြန်ကြည့်နေရင်ခေါင်းလောင်းအသံကြားလိုက်ရသည်။ထိုနောက်ဆရာမကြီး၏စာဖြေခန်းထဲအသီးသီး၀င်ကြဖို့ပြောနေသံကိုကြားရသည်။
နွေးတို့တစ်ဖွဲ့လုံးရဲ့ခုံနံပါတ်က‌အစဉ်လိုက်ဖြစ်နေတာဆိုတော့တစ်ဖွဲ့လုံးအခန်းတူကြသည်။
အခန်းစောင့်ဆရာမကလည်းအချောလေးမို့နွေးပျော်သွားသည်။စာဖြေပြီးသည့်အချိန်အပျင်းပြေအနေနဲ့ငမ်းလို့ရတယ်မလား။ဆရာမချောချောလေးကြောင့်စာအမြန်ဖြေပြီးငမ်းဖို့စိတ်ကူးရသွားသည်။
(မာနငယ်‌ကိုတစ်ယောက်ယောက်ခေါ်ပေးလိုက်ကြပါ)
ငမ်းချင်စိတ်ကြောင့်လားမသိ ရေးတာရောစာစစ်တာရောနဲ့မိနစ်၃၅မှာပြီးသွားသည်။


"ချစ်စရာလေး"

တီချယ်ချောချောလေးရဲ့နှုတ်ခမ်းသားဖူးဖူးလေး၊ပိန်သွယ်နေတဲ့ခန္ဓာကိုယ်လေး၊အညိုရောင်မျက်၀န်းလေးနဲ့အသက်ရွယ်အားဖြင့်ခန့်မှန်းကြည့်ရင်၂၅နှစ်ဘဲရှိဦးမည်။
ထိုတီချယ်ရဲ့အလှကပြည့်စုံသည့်အလှမှာပါသည်။အရင်ကတည်းကထိုတီချယ်ကိုသတိထားမိသည်။ ကျောင်းသားတွေရဲ့ဖွန်ကြောင်တာကိုရှယ်ခံရမည့်ပုံ။


မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now