မကြိုက်သင့်သောတီချယ်🫀 P-11

3.2K 155 7
                                    

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၁၁)



"တီချယ်" တိတ်ဆိတ်နေတဲ့နေရာတစ်ခု၊ နွေးရဲ့ချိုသာတဲ့အသံ။

"ပြောလေ သမီး"

"ဟို...ဟို တီချယ်ကို ချစ်...."

'Baby shark do do do do do do'
ဖုန်းလာသံ

"ခဏနော် သမီး"

"ဟုတ်"

"......."

‌"ဟုတ်ပြီ ပြီရင်လာခဲ့မယ်"

"......."

"ဒါပဲနော်"

"သမီး ဆရာမကို ခေါ်နေလို့သွားရတော့မယ် သမီးဘာပြောမို့တုန်း"

"ဘာမှမဟုတ်ဘူး တီချယ်အိမ်စာပေးခဲ့သေးလားလို့မေးမို့ပါ"

"အော် ဒါလေးများ...မပေးခဲ့ဘူး ကလေးငယ်ရဲ့"

"ဟုတ်ကဲ့ တီချယ်သွားမယ့်နေရာကိုလိုက်ပို့ပေးမယ်လေ"

"အေးအေး"

ငယ်အထင် ငယ်ကိုစိတ်ဆိုးပြေသွားပြီထင်ပါတယ် စကားတွေတောင်ပြန်လာပြောနေပြီတော့...စိတ်မဆိုးတော့ဘူးထင်တယ်။
ငယ်နောက်ကနေပါလိုက်တာလေးက သိပ်ချစ်ဖို့ကောင်းလွန်းတယ်။ ‌ဒါပေမဲ့ဘေးချင်းကပ်လိုက်လာရင်ပိုကောင်းမယ်လို့တွေးကာ လျှောက်လာလိုက်တာ ကလေးငယ်စီကနေ "သွားတော့မယ်နော် တီချယ်"တဲ့
နှုတ်ဆက်ချိန်တောင်ရောက်သွားခဲ့ပြီ။ ကလေးငယ်ရဲ့အပြုအမူတိုင်းကချစ်ဖို့ကောင်းနေလွန်းတယ်။ ဒါကြောင့်လည်းလူကြိုက်များတာကိုး။

"မမ"

"ရှင် ပိစိ"

"သားကိုပလစ်တယ်"

"မပလစ်ပါဘူး ပိစိကသာပျောက်နေတာ"

"မပျောက်ပါဘူးနော် ပျောက်သွားရင်တောင် မမရင်ခွင်ထဲကဘဲပျောက်သွားတာဖြစ်မှာ"

"အမယ့် ရှင်လေးက ကျွန်မရင်ခွင်ထဲကထွက်နိုင်ပြီပေါ့ အသစ်တွေ့တော့ အဟောင်းမေ့ ဆိုတဲ့စကားသိပ်မှန်တယ်"

မ"မေ့ပါဘူး ဒီလောက်ချစ်စရာကောင်းတဲ့ မမကိုမေ့ရအောင် ကိုယ်ကအရူးလား"

"အတတ်လေးကိုမုန့်၀ယ်ကျွေးရမယ်ထင်တယ်"

"မုန့်စားချင်ရင်၀ယ်စားမှာပေါ့ ကိုယ်စားချင်တာက မမရဲ့အချစ်တွေ"

မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now