မကြိုက်သင့်သောတီချယ်🫀 P-9

3.2K 175 9
                                    

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၉)


"အကယ်၍ ကိုယ်က တီချယ်ကိုချစ်ခွင့်ပန်လာရင် တီချယ်လက်ခံမှာလား"

နွေး၏အပြောကြောင့်ငယ်ပြောစရာပင်ပျောက်သွားသည်။ကလေးငယ်ကို ရင်ခုန်မိတာမှန်ပေမဲ့ တူမတစ်ယောက်လို့သာသဘောထားသည့်မို့ အခုလို့ပြောလာတဲ့ကလေးငယ်ရဲ့စကားကိုပင်သဘောမကျဖြစ်မိသည်။ ကိုယ်ဆရာမကို မလေးစားတာလား... ကိုယ်ကဘဲသူပေါ်အလျော့ပေး၊အလိုလိုက်တာများသွားလို့ အခုလို့မပြောသင့်တဲ့စကားကိုစ‌နောက်ကာပြောနေတာလားဆိုတာ ငယ်မစဉ်းစားတတ်တော့ပါ။

"ဒီမှာ ကလေးငယ် မင်းနဲ့ဆရာမက ဆရာတပည့်တွေ ပြီတော့ အသက်အားဖြင့်ကြည့်ရင် အရမ်းကွာခြားလွန်းတယ် စနောက်ပြီပြောတာဆိုရင်လည်း ဆရာမ မကြိုက်ဘူး"
ဟုပြောဆိုပြီ နွေးရင်ခွင်ထဲကထွက်လိုက်သည်။

"ဆရာတပည့်လည်းမဖြစ်ခဲ့ရင်၊အသက်မကွာခဲ့ရင်၊စနောက်ခြင်းမဟုတ်ရင်...ကိုယ်ရဲ့အချစ်ကိုလက်ခံမှာလား"

"တီချယ်‌ ရောက်နေတာလား"

ငယ်ခဏတွေးဝေပြီဆက်ပြောမယ်အလုပ်နွေးအဖေ၀င်လာတာကြောင့် ထိုစကားဝိုင်းလေးသည် တိတ်ဆိတ်သွားခဲ့သည်။

"ဟုတ်တယ် သူကိုခဏလာကြည့်တာပါ အခုကြည့်ပြီးပြီဆိုတော့ ကျွန်မ‌ပြန်တော့မယ် ခွင့်ပြုပါအုံး"

"ဟုတ်ကဲ့ဗျ"

____

နွေးလည်းအခုဆို ဆေးရုံးတက်လာတာ ၃ရက်ရှိပြီလေ... နေပြန်ကောင်းနေပြီမို့ ‌ဆရာ၀န်ကဆေးရုံးကဆင်းခွင့်ပေးခဲ့တာ ကိုယ်ကျောင်းမတက်လို့ကူးရမယ့်စာတွေကိုတော့ ‌ဆေးရုံးမှာ အားတဲ့အချိန်တိုင်းကူးနေခဲ့တာမို့ ပြန်ကူးရမဲ့စာမရှိတော့ဘူး ဒါပေမဲ့ တီချယ်နဲ့ မတွေ့ရတာတော့ကြာပြီ တီချယ်အဲနေ့ကလာပြီကတည်းက ပေါ်မလာတော့တာ စိတ်များဆိုးသွားလားမသိ ကျောင်းပြန်ဖွင့် ပြန်ချော့ရအုံးမယ်။
ကျောင်းမတက်တာတောင်၄ရက်ရှိပြီ ပိတ်ရက်တွေပါပေါင်းလိုက်ရင် ၆ရက်ပေါ့နော် ကျောင်းပြန်တက်တဲ့နေ့မှာပဲ သတင်း‌ဆိုးတွေရော သတင်းကောင်းတွေပါတစ်ခါကြားရပါလေ၏...

မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now