မကြိုက်သင့်သောတီချယ်🫀 P-26

2.7K 161 12
                                    

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၂၆)



ကားပေါ်ကနေသတို့သမီး၀ယ်စုံနဲ့ပြေးဆင်းလာသည့်ငယ်။ဆေးရုံးရှိအချို့လူတွေကငယ်ကိုကွပ်ကြည့်ကွပ်ကြည့်နဲ့ကြည့်နေကြပေမဲ့ငယ်ဂရုမစိုက်နိုင်ပါ။အတွေးထဲမှာကလေးငယ်အဆင်ပြေဖို့ပဲတွေးမိသည်။


"ဟင် ဆရာမ ဘယ်လို့ရောက်လာတာလဲ အခုကလက်ထပ်ပွဲကျင်းပရမယ့်အချိန်မဟုတ်လား"
(ဦးသန့်ဖြိုးအောင်)


"ကျွန်မထွက်ပြေးလာတာပါ..."
(ဒေါ်မာနငယ်)

"ဘယ်လို့!"
(ဦးသန့်ဖြိုးအောင်)


"ကျွန်မအမှန်အတိုင်း၀န်ခံပါရစေ ကျွန်မဦးထိန်လင်းအောင်ကိုမချစ်ဘူး ကျွန်မတကယ်မြတ်မြတ်နိုးနိုးနဲ့မေတ္တာသက်၀င်မိတာအစ်ကိုသမီးပါ"
(ဒေါ်မာနငယ်)


"ဆရာမ ဒါနောက်စရာမဟုတ်ဘူးနော် ဆရာမကဘယ်လို့ဖြစ်ပြီးကျွန်တော်သမီးကိုချစ်ရမှာလဲ....မဖြစ်နိုင်တာတွေ"
(ဦးသန့်ဖြိုးအောင်)


ထိုစဉ်နွေးမားမားကဦးသန့်ဖြိုးအောင်ကိုသတင်းတစ်ခုကိုပြလိုက်သည်။မြင်လိုက်ရသည့်ပုံတွေဦးသန့်ဖြိုးအောင်မေ့လဲချင်သလို့ဖြစ်သွားတော့သည်


"ဒါ...ရှင်သမီးမလား"


ဟုတ်ပါသည် ထိုပုံတွေမှာနွေးငယ်ကိုဖွင့်ပြောနေသည့်ပုံ၊နွေးနှင့်ငယ်နမ်းနေပုံ၊အကြည့်စိုက်နေပုံ၊ကျောင်းမှာလူမသိသူမသိခိုးတွေ့ခဲ့စဉ်ကပုံတွေပင်ဖြစ်သည်။အခြားပုံတွေကဆရာတပည့်မို့လို့ဆိုပြီးလိမ်ညာလို့ရပေမဲ့နမ်းနေပုံကလိမ်မရအောင်ပင်ဖြစ်နေတော့သည်။




"ဒါ...ဒါတွေကဘာတွေလဲ"
(ဦးသန့်ဖြိုးအောင်)



"ကျွန်မရှင်းပြပါရစေ အစ်ကိုစိတ်အေးအေးထားပါ"
(ဒေါ်မာနငယ်)



"ဘာလဲ ကျွန်တော်သမီးကဆရာမနဲ့တွဲနေတာပါဆိုပြီးပြောမလိုလား"
(ဦးသန့်ဖြိုးအောင်)



"မဟုတ်..."
(ဒေါ်မာနငယ်)



"ကျွန်တော်သမီးအခုလို့ဖြစ်တာဆရာမကြောင့်လား"
(ဦးသန့်ဖြိုးအောင်)



မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now