မကြိုက်သင့်သောတီချယ်🫀 P-15

3.1K 154 3
                                    

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၁၅)




ပြေးထွက်သွားတဲ့တီချယ်ကိုကြည့်ပြီ အသည်းတွေယားနေမိတယ်။ရှက်တော့လည်းသူ အရင်နမ်းတော့လည်းသူ အဲဒါကြောင့်လူတွေကပြောပါတယ် "အပျိုကြီးတွေများကောင်းကိုမကောင်းဘူးတဲ့"
စိတ်ထဲမှာကြည်နူးမှုတို့ဖြင့်ရေရွတ်နေသူလေးနွေး။



အောက်ထပ်ကိုပြေးဆင်းသွားတဲ့ငယ်ကတော့ ရင်တွေခုန်နေတာပေါ့။ ကလေးငယ်ရဲ့မထင်ထားတဲ့အပြုအမူကြောင့် မျက်နှာလေးတွေလည်းရဲနေရှာ၏



"ငယ် နေမကောင်းဘူးလား"

"ကောင်းပါတယ် ဘာဖြစ်လို့လဲ"

"မသိပါဘူးအေ နင်မျက်နှာကနီရဲနေလို့မေးကြည့်တာ"


"အော် ပူလို့နီရဲနေတာ"


"အေးအေး"


"ငါဘာလုပ်ပေးရအုံးမလဲ"


"အကုန်ပြီးပြီ စားရုံပဲ ဒါနဲ့ကူလုပ်ပေးရာကဓါးရှသွားတဲ့အရူးလို့လို့ကလေးလို့လို့တစ်ယောက်ရော ဘယ်မှာလဲ"


"လာပါပြီ သူများကိုပြောမယ်ဆိုတာကြီးပဲ"

(မီးဖိုချောင်အ၀င်ကနေလှမ်းအော်လိုက်သည့်နွေး)


"ပြောတော့ဘာဖြစ်လဲ"


"ပြောတော့အပျိုကြီးဖြစ်တယ်"


"ကိုယ်အဒေါ်ကိုများ"


"နင်တို့ကတော်တော်ခင်ကြတာပဲ"


"ဟုတ်တယ် ငယ်ငယ်လေးကတည်းက သူငယ်ချင်းလို့ဘဲပေါင်းလာကြတော့ သူကကျွန်မကိုဆို တစ်စက်လေးမှမ‌ရိုသေ"


"မရိုသေတာမဟုတ်ဘူး မကြောက်တာ"


"ကဲ...ဒီနှစ်ယောက်ဧည့်သည်ရှေ့မှာဘယ်လို့ဖြစ်နေတာလဲ တော်ကြတော့"

(နွေးမားမားက၀င်ပြောလိုက်သည်)


"ဟုတ်"

နှစ်ယောက်လုံးငြိမ်ကြသွားတော့သည်။




"ချက်ပြုတ်ပြီးပြီဆိုတော့စားကြရအောင်... ဆရာမစားနော်"



"ဟုတ်ကဲ့ အစ်မလက်ရာကအတော်ကောင်းတာပဲ"


"မဟုတ်ရဘူး အားမနာနဲ့ ထည့်စားနော်"


မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now