အပိုင်း - ၂

12.5K 225 7
                                    

.Unicode

.
' မေမေ့ ဟီးဟီးဟီး အင့်ရွှတ် '....... ရှိုက်ကြီးတငင် ငိုလာသော ခြောက်နှစ်သား မင်းခန့်ညားလေး...

' သား ခန့်ခန့် ဘာဖြစ်လာတာလဲ ' ... ငိုခဲလှသောသားကြောင့် အကြည် ထိတ်လန့်တကြား......

' ဦးအောင်ဘ က ပြောတယ် ဖေဖေနဲ့မေမေကို အငယ်လေးမွေးခိုင်းတဲ့ မဟုတ်ရင် ကြီးလာတော့ တိုင်ပင်ဖော်မရှိဘဲ တစ်ယောက်တည်းဖြစ်မှာတဲ့ အီးဟီးဟီး '

ချစ်မင်းပါ သားငိုသံကြောင့်ရောက်လာကာ
' တယ် ဒီအောင်ဘ ကတော့ ငါ့သားကို ငိုအောင် စ ပြန်ပြီ ။ လာသား ဖေဖေ့ဆီ ဖေဖေပြောလိုက်မယ် နောက်မစဖို့ '

' ဦးအောင်ဘ.... ဦးအောင်ဘ ကို ဖေဖေ မေမေနဲ့လည်း တိုင်ခဲ့ပြီ ခု ဦးမောင်နဲ့ သွားတိုင်မယ် ညနေ တီတီနွယ်ရုံးကပြန်လာလည်း တိုင်မယ်
ဦးအောင်ဘ ကို ဆူခိုင်းမယ် ဟင့်ဟင့် '

မခံမရပ်နိုင် ရန်ပြန်တွေ့သော သားကို ကြည့်တာ ချစ်မင်း နှင့် အကြည် သက်ပြင်းချမိသည်။

ကလေးက မယူတာမဟုတ် မင်းခန့်ညားလေး မွေးပြီး တစ်လခွဲမှာ တားဆေးသွားထိုးလိုက်ပြီးကတည်းက မရတော့တာ ဖြစ်သည်။

' ဆေးရုံကြီးမှာ သွားစစ်ကြဦးစို့ အကြည်ရေ '

' အေး ငါလည်း သွားချင်နေတာ
မိနွယ်ကိုလည်း ခေါ်ရမယ် သူလည်း ကလေးမရသေးလို့ စိတ်ညစ်နေတာ '......

နောက်တစ်ရက် လင်မယားနှစ်တွဲ ဆေးရုံကြီးသွားပြီး ဆေးစစ်ကြသည်။ တစ်ပတ်နေလို့ အ​ဖြေသွားယူကြတော့ နွယ်က သားအိမ်အားနည်းလို့ ဟုဆိုကာ ဆရာဝန်ကို ဆေးပေးလေ၏။ ကိုမောင့်ကိုလည်း အမျိုးသမီးတင်မဟုတ် အမျိုးသားလည်း ​ချို့ယွင်းချက်အနည်းငယ်ရှိတယ်ဟုဆိုကာ သောက်ဆေးပေးပြီး ဆောင်ရန်ရှောင်ရန်တွေပါ ပြောပြလေသည်။
ကလေးမရနိုင်တဲ့ အတွဲမဟုတ်ကြောင်းပြောသဖြင့် နွယ်တို့မှာ အားတက်ရသေး၏။

စိမ်းလဲ့ကြည်ကတော့ ရာသီစက်ဝန်းမှန်အောင်ဆိုကာ ဆေးပေးလေ၏။

စိတ်ထက်သည့် အကြည်က ဘယ်တော့လောက် ကလေးရနိုင်မလဲဆိုပြီး မေးသဖြင့် ဆရာဝန်က

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Onde histórias criam vida. Descubra agora