အပိုင်း - ၃၁

7.6K 232 17
                                    

Uni

.
.

ဘားရောက်တော့ အောင်ကောင်းမြတ် က ပြုံးစိစိလုပ်နေသည်။

" ဘာလဲကွ မင့်ရုပ်ကြီးက...''

ရဲထွဋ်ကို က မနေနိုင်လို့မေးတော့သည်။

" မှန်းကြည့်လေ...''

" မင်းရုပ်ကြီးတော့ မမှန်းချင်ပါဘူးကွာ ဒစ်ရုပ်နဲ့...''

" ..ီး လား.... ပွဲမတက်ချင်တော့ဘူးနေမှာ.. ''

" ဟ...''

မင်းခန့်ညားရော ရဲထွဋ်ကို ပါ မျက်ခုံးပင့်လို့သွား၏။

" ငါ ဒီနှစ်ကုန် မိန်းမယူတော့မလို့ကွ...ဟဲ ဟဲ...''

" ဟ ကောင်းလှချည်လား...''

မိန်းမယူမယ် တကဲကဲပြင်နေတဲ့ ထွဋ်ကြီးထက် အောင်ကောင်းမြတ် က ကြိတ်ပြင်နေတာဖြစ်မည်။

" ဟာ..မင်းကလည်း ငါတောင် မယူရသေးဘူး...''

ထွဋ်ကြီးက အစာမကြေသံဖြင့် ဝင်ညှောင့်သည်။

" မင်းက ဘယ်အချိန်ယူမယ်မှန်းမသိ...''

သူတို့အချင်းချင်း ငြင်းနေကြတာကို
မင်းခန့်ညား ဝင်မပြောဘဲ တိတ်တဆိတ်သာကြည့်နေလိုက်သည်။

ပြောရင်းဆိုရင်း သောက်နေလိုက်ကြတာ အောင်ကောင်းမြတ် က တော်တော်မူးလာသည်။

ရဲထွဋ်ကို နဲ့ မင်းခန့်ညား ကတော့ နောက်နေ့တွေ လူနာကြည့်ရမှာမို့ မူးအောင်ထိ မသောက်ဖြစ်....

" ခန့်ညား...ဒီနေ့ ငြိမ်လှချည်လားကွ.. ''

လျာလေးအာလေး နှင့် အောင်ကောင်းမြတ်....

" အေးကွာ...ဒီလိုပါပဲ... ''

" ငါ့ မင်္ဂလာဆောင်ကျ မင်းတို့အတွဲက အရံလုပ်ရမှာနော် မင်းခန့်ညား... နွားကတော့ ချည်တိုင်က နိုင်ငံခြားမှာမို့ ဧည့်ခံပဲ...''

" မင်းဂျီးဒေါ်...နွား...''

ရဲထွဋ်ကို က မခံမရပ်နိုင် ပြန်ပက်သည်။

" ဟင်းးးး...''

မင်းခန့်ညား ကတော့ ​အပူလုံးကိုသာ အားရပါးရ မှုတ်ထုတ်လို့နေသည်။

" ခန့်ညားရာ...ကြက်ကြီး လည်လိမ်ရောဂါစွဲသလိုကို ငိုင်နေတာပဲ... ပြောပါကွ..ဘာဖြစ်တာတုန်း..''

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now