အပိုင်း - ၃၄

8K 182 20
                                    

Uni

.
.

" သမီး pad တွေထည့်ပြီးပြီလား... ''

" ထည့်ပြီးပြီ မေမေ...''

" ကိုးချစ်လေးရေ....''

" ရှင် မေမေကြည်... ''

" ရော့.... ''

" ဟယ် မုန့်တွေပါလား...ကျေးကျူးပါရှင်... ''

ကျောင်းပိတ်တုန်း ကိုးချစ်တို့ သူငယ်ချင်းတစ်သိုက် ခရီးထွက်ဖို့ပြင်နေကြတာဖြစ်သည်။

မေမေကြည်ဆီကပြန်ကြားတာ.. ကိုကိုက ချင်းပြည်နယ် ဖလမ်းမြို့မှာ ရောက်နေတယ် တဲ့လေ

ခရီးသွားဖို့ ရွေးကြတော့ မိုးရာသီမို့ တောင်ပေါ်လမ်းတွေက မကောင်းဟုဆိုကာ ဘယ်သူမှ ချင်းတောင်မတက်ချင်ကြပေမယ့် ကိုးချစ်က မျက်ရည်နဲ့မျက်ခွက်တောင်းဆိုတာမို့ သွားဖို့ ဆုံးဖြတ်လိုက်ကြတာဖြစ်သည်။

.
.

သားနဲ့တွေ့ရမယ်လို့ ထင်နေလို့များလားမသိ ကိုးချစ်မျက်နှာလေးက ဝင်းပကာနေသည်။

အကြည် ...ကိုးချစ်ကို ကြည့်ကာ သက်ပြင်းခိုးချမိသည်။
တကယ်တော့ သားက ကိုးချစ်ကို မပြောခိုင်းပါ...ကလေးက လွမ်းနာကျပြီး ပိန်ကာနေတော့တာမို့  သားရှိတဲ့နေရာကိုပြောပြလိုက်တာပါ....
နေတဲ့နေရာအတိအကျမသိရတာတောင် ကလေးက လိုက်ဖို့ပြင်နေတာဖြစ်သည်။

.
.

ကိုးချစ်ကတော့ သူငယ်ချင်းတွေကို အပူကပ်ပြီး သွားဖို့ပြင်နေသည်။
အစကတော့ မရင်းနှီးသည့်နေရာဖြစ်သည့်အပြင် မိုးရာသီပြီးကာစမို့  လမ်းခရီးစိုးရိမ်ကာ မသွားချင်ကြ...

နောက်တော့ ရတနာတို့အတန်းရှိ ဖလမ်းသူကောင်မလေးတစ်ယောက်က သူ့အစ်မ မင်္ဂလာဆောင်ရှိလို့ ပြန်မယ်ဆိုတာနဲ့ ကိုးချစ်ကို သနားကြတာရောပေါင်းကာ သွားဖို့ကြုံလာသည်။
မင်္ဂလာဆောင်သည့် ဖလမ်းသူ အစ်မကို ဦးသုံးကြိမ်ချချင်စိတ်ပင်ပေါက်သည့်အထိ ကိုးချစ် ကျေးဇူးတင်ရသည်။

" အရှင်ဘုရား.... ဘုရားတပည့်တော်မသည် ဒီတစ်ခေါက်ခရီးတွင် ကိုကို့ကို မတွေ့ခဲ့ပါက အပြီးတိုင်မေ့လိုက်ပါမည် ဘုရား....
ဖူးစာမှန်ခဲ့ပါက ပြန်လည်တွေ့ရပါလို၏ ဘုရား....''

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Hikayelerin yaşadığı yer. Şimdi keşfedin