အပိုင်း - ၄၃

7.3K 185 6
                                    

Uni

.
.
.

ကိုးချစ်တို့ စာမေးပွဲလည်းနီးလာသလို မေဂျာဘောလုံးပွဲတွေလည်း စ ကန် နေပြီဖြစ်သည်။ တရုန်းရုန်းနဲ့ အော်ဟစ်ကြမှာကို သိနေတဲ့ ကိုကိုကတော့ သိပ်မသွားစေချင်ပေမယ့် ကိုးချစ်ကို ပြောမရတာမို့ ယတိပြတ်တော့မတား။

မိုးရာသီလို့သာဆိုပေမယ့် နေကလည်း ကျဲတောက်နေအောင်ပူသည်။

" သော်သော် လာဟဲ့ ရှေ့ဆုံးမှာနေရအောင် ''

" လာပြီ လာပြီ ''

ဘောလုံးရာသီမှာ Archi နဲ့ Civil ကန်သည့်နေ့ဆိုလျှင် ကိုးချစ်တို့နဲ့ ရတနာက မခေါ်ကြ။ ဘောလုံးပွဲမှာ အသေအကြေအော် ရန်ဖြစ်ပြီးမှ ပြန်ခေါ်ကြသည်။

ကွင်းထဲစရောက်တာနဲ့ ကိုးချစ်တို့အုပ်စုကအော်ကြတော့သည်။ အတန်းကြီးတွေဖြစ်ပြီး စွာကြတာမို့ အငယ်လေးတွေက ရှိန်ကြ၏။

လင်ဗန်းတွေပါ ယူလာပြီး တဒုန်းဒုန်းတီးကြ၏။ မေဂျာခေါင်းဆောင်ကလည်း ဘယ်က ဘင်ခရာတွေငှားလာမှန်းမသိ။ တခြားမေဂျာကလူတွေကလည်း သူတို့မေဂျာအတွက် ပြင်ဆင်လာကြတာမို့ ပွက်လောတွေရိုက်နေကြသည်။

" Civil ဒုန်း....ဒုန်း....ဒုန်း
  Civil ဒုန်း....ဒုန်း.....ဒုန်း
  Civil ဒုန်း....ဒုန်း.....ဒုန်း ''

" Civil ချန်ပီယံ
  Civil ချန်ပီယံ
  Civil ချန်ပီယံ ''

" ဟဲ့....ဟဲ့... ကွင်းလယ်ဒိုင် ဟိုမှာ လူချတာ မမြင်ဘူးလား ဒိုင်လုပ်မနေနဲ့ဟေ့...''

" ဟိုက နံပါတ် ၁၃ လူချချင်ရင် ချိန်းထိုးလေ.... မညစ်နဲ့ဟေ့ ''

" ငါတို့ တိုက်စစ်မှူးထိ ဓားကြည့်နော် ''

အော်ကြဟစ်ကြနှင့် ဝက်ဝက်ကွဲနေကြတော့၏။

ဘောလုံးပွဲမစခင် ပါချုပ်မိန့်ခွန်းပြောတုန်းကတော့ ရန်မဖြစ်ဘဲ အေးအေးချမ်းချမ်းအားပေးကြပါ ဟု ဆိုပါသော်လည်း ပွဲစပြီး ၁၀ မိနစ်လောက်နဲ့တင် အပြိုင်အဆိုင်အော်ဟစ်ကြတော့၏။
.
.
.

" ချစ်ချစ်လေး တစ်ရက်တစ်လေလောက် ဘောလုံးပွဲနားပါဦး ''

" ကိုကိုကလည်း အဟမ်း... ''

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now