အပိုင်း - ၁၈ ( Uni + Zawgyi)

8.5K 211 7
                                    

Uni

.
.
.

" ဒုတ်.....ဒုတ်...''

ပထမဆုံးကျောင်းသွားမယ့်ရက်မှ ဆိုင်ကယ်ကထိုးရပ်သွားတာမို့ ကိုးချစ်စိတ်ညစ်သွားရသည်။

" သွားပြီ.....အင်္ဂလိပ်ဆရာမက ဆိုးပါတယ်ဆို ''

ပြောပြောဆိုဆို ဖုန်းထုတ်ကာ ရတနာ့ဆီဖုန်းခေါ်လိုက်သည်။

" ဟယ်လို....''

" အေး...သော်သော်...မလာသေးဘူးလား..ဆရာမက ခဏနေလာတော့မှာနော် မော်ကွန်းထိန်းနဲ့ဖုန်းပြောနေတာတွေ့ခဲ့တယ် ''

" ဒုက္ခပါပဲဟာ...ဒီမှာဆိုင်ကယ်က ထိုးရပ်သွားလို့ ဆရာမလာရင် ပြောပေးထားဦး ''

" ငါ လာကြိုလိုက်မယ်...နင်ဘယ်မှာလဲ ''....ခခက ဝင်ပြောလေသည်။

" မလာနဲ့ တပြုံကြီးနောက်ကျရင် ပိုဆိုးကုန်မယ်....''

" စက်နိုးသေးလား ဆိုင်ကယ်က ''

" မနိုးတော့ဘူး....ဂျီ...ဂျီ နဲ့မြည်နေတာ ''

" ဆီကြည့်လိုက်ဦး....ဆီဆိုင်ကနီးလား...''

" အေး...​ရှေ့နားလေးမှာတော့ရှိတယ် ''

" ဆီကြည့်လိုက်...ဆီရှိပြီး နှိုးမရတာဆို..ငါ့ဆီဖုန်းပြန်ခေါ်...ငါလာကြိုမယ် ''

" အေးအေး..''

ဖုန်းပြောပြီးမှ ကိုးချစ် ဆီတိုင်ကီဖွင့်ကြည့်တော့ ခမ်းခြောက်ကာနေတော့သည်။

" ဟားးးးး.....နောက်ဆို အမြဲတမ်း သတိနဲ့ကြည့်ရမယ် တော်သေးတာပေါ့ ....ခခပြောလို့ ''

ဆီဆိုင်ထိတွန်းပြီး ဆီထည့်လိုက်ရသည်။ ဆီထည့်ပြီးတော့ တော်တော်နှင့်နှိုးမရသေးပေ......

ဆီဆိုင်က ဝန်ထမ်းတွေက ကူညီပြီးနှိုးပေးမှ ဆိုင်ကယ်က စက်နိုးတော့သည်။ အကုန်လုံးကို ကျေးဇူးတင်စကားပြောပြီး ကိုးချစ်နာရီကိုကြည့်လိုက်တော့   ၈ နာရီ ၄၅ မိနစ်.....

" အမလေး....သေပါပြီ... ''

ကိုးချစ် တစ်ချိုးတည်းမောင်းခဲ့ရတော့သည်။

ကျောင်းဝင်းထဲဝင်လိုက်တော့ ဆိုင်ကယ်စတန်းမှာ ရပ်စရာနေရာမရှိတော့...

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now