အပိုင်း - ၄၂

8.2K 204 14
                                    

Uni
.
.
.
.

ကိုးချစ် ကျောင်းပြန်ဖွင့်တော့လည်း ဆိုင်ကယ်နဲ့ပဲ သွားဖြစ်သည်။ ကျောင်းပိတ်တုန်း မင်္ဂလာဆောင်သွားတာမို့ သူငယ်ချင်းတွေက ဝိုင်းမေးကြသေး၏။

ခ နှစ် ခရော ရတနာနဲ့ပါ မတွေ့ရတာ ကြာနေပြီဖြစ်တာမို့ ညနေကျောင်းဆင်းတော့ မုန့်ဝင်စားကြသေးသည်။

" သော်သော် နင့်လူကြီးက အဲလိုမုန့်စားတွေ ဘာတွေကျ သွားခိုင်းတယ်ပေါ့လေ ''

ရတနာ့စကားကြောင့် ကိုးချစ် ကြောင်သွားသည်။

" ဘာလို့ မသွားခိုင်းရမှာလဲ ကိုကိုက အဲလိုကြီး မချုပ်ချယ်ပါဘူးဟ ''

" ဘယ်နှခုနှစ်ရောက်နေ​ပြီလဲ ရတနာရာ ဒိတ်အောက်လိုက်တာ ဒီမှာ ညစ်နေရတဲ့ထဲ နင်ကတစ်မျိုး ''

မဆီမဆိုင် စိတ်ညစ်ကြောင်း ထပြောတဲ့ ခင်ခင်ခ ....

" နင်က ဘာစိတ်ညစ်တာတုန်း ''

" ငါ့အမေပေါ့ မိန်းကလေးချင်း အီစီကလီလို့တဲ့ ပူညံပူညံပဲ ''

ခင်ခင်ခက ကျောင်းမှာ စော်ကြည်တဲ့ စော်ကြီးဖြစ်သည်။ တော်ရုံ ရုပ်ရှိရေလျှံ ယောက်ျားလေးတွေထက် စော်ပိုကြည်သည်။ ချစ်သူများနေ့ဆို ချောကလက်တွေပါရသည်။ ခ နှစ်ခ က ကိုးချစ်တို့ကျောင်းရဲ့ စတားတွေထဲမှာပါသည်။ အခုလည်း ခင်ခင်ခက ဂျူနီယာနှစ်ထဲက ကောင်မလေးတစ်ယောက်နဲ့ အီစီကလီ ဖြစ်နေသည်။

" ယောက်ျားလေးပြောင်းကြိုက်ပေးလိုက် ''

ဝန်းရံခ အပြောကြောင့် ခင်ခင်ခမျက်နှာ ရှုံ့တွန့်သွားသည်။

" ငါမှ ယောက်ျားမကြိုက်တာ...  မိန်းကလေးပဲ ကြိုက်တယ် ''

" နင့်အမေကလည်း ခေတ်မမီတာလား ဘာလား ''

ဝန်းရံခ က ဆက်ပြောတော့ ခင်ခင်ခက ခေါင်းအသာရမ်း၏။

" အတည်မထားဘဲ အီစီကလီပဲ ရိုက်လို့ပါတဲ့ဟာ .... ငါ့အမေက လူလူချင်း ချစ်တာ အပြစ်မဟုတ်ဘူးတဲ့ မိန်းကလေးချင်း ချစ်လည်းရတယ် ဒါပေမယ့် အီစီကလီလုပ်ပြီး play တာကို သဘောမကျတာတဲ့ဟေ့ ''

ကိုးချစ်တို့ ခင်ခင်ခအပြောကြောင့် သဘောကျနေကြသည်။

ရတနာနဲ့ ဝန်းရံခက ရည်းစားထားနေကြပြီဖြစ်သော်လည်း ခင်ခင်ခကတော့ အီစီကလီ အဆင့်နဲ့သာပြီးနေ၏။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now