Extra - 1 ( Kha & Maung )

6.8K 107 3
                                    

Uni

.
.
.

အိမ်ထောင်ကျကတည်းက အခုချိန်ထိ ကိုကိုက အိမ်မှုကိစ္စတွေအတူတူလုပ်နေတုန်းပင်။

" ကိုကို ''

ပန်းကန်ဆေးနေတဲ့ ကိုကို့ကို ပန်းသီးတစ်လုံးကိုက်နေရင်း ခေါ်လိုက်သည်။

" ပြောစေ ''

" အိမ်မှုကိစ္စတွေ ဘာလို့ ဝိုင်းကူပေးတာလဲ ''

ကိုကိုက လှည့်ကြည့်လာပြီး ပြုံးပြသည်။

" ကူတယ်လို့ ဘယ်ခေါ်မလဲ ချစ်ချစ်တုန်းလေးရဲ့။ ကိုကိုလည်း ဒီအိမ်မှာနေတဲ့ ဒီအိမ်ရဲ့ မိသားစုဝင်ပဲလေ။ ကိုကို့တာဝန်လည်းရှိတာပေါ့''

" ဒါဆို အိမ်မှုကိစ္စမလုပ်တဲ့ ယောက်ျားတွေကရော''

ပန်းကန်တွေ နေရာတကျထားလိုက်ပြီး ကိုကိုက ထိုင်ခုံပေါ်ထိုင်ရင်း ကိုးချစ်ကိုပါ သူ့ပေါင်ပေါ်တင်ပြီး ပွေ့ထားသည်။

" အိမ်အလုပ်ဆိုတာလည်း ပြီးတယ်လို့မှ မရှိတာ ကလေးရဲ့။ တချို့မိသားစုတွေကျ ယောက်ျားဖြစ်တဲ့သူက အိမ်စားဝတ်နေရေးအတွက် တစ်ယောက်တည်း တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာမျိုးရှိမှာလေ။ အဲလိုကျတော့ အိမ်မှာကျန်ခဲ့တဲ့ မိန်းမဖြစ်သူက ချက်ပြုတ်ပြင်ဆင်ပြီး လှလှပပလေးကြိုရင် အမောပြေမှာပေါ့။ အမျိုးမျိုးပေါ့ကွာ။ တချို့မိန်းကလေးတွေကျလည်း အိမ်မှုကိစ္စကို စိတ်ဝင်စားပြီး နိုင်နင်းတာမျိုးရှိမယ်။ တချို့ကျလည်း ပိုက်ဆံရှာတာတော်မယ်။ ဘယ်တူပါ့မလဲ။ ဒါပေမယ့် မိန်းကလေးမို့ အိမ်ထဲနေ အိမ်မှုကိစ္စပဲလုပ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြီးကတော့ မဟုတ်ဘူး''

" အဟင်းဟင်း.... ခွိ..ခွိ''

" ဟောဗျာ... ဘာရယ်တာတုန်း''

" ကိုကိုရှင်းပြနေတာ ရယ်ရလို့။ မသိရင် ယောက်ျားယူမယ့် သမီးကို ရှင်းပြနေတဲ့ အဖေကြီးလိုပဲ''

ကိုးချစ်စကားကြောင့် ကိုကိုက မျက်စောင်းထိုးပြီး လည်တိုင်ကို နှာခေါင်းနဲ့မွှေ့နမ်းသည်။

" ကိုကို ယားတယ်လို့''

" ချစ်စရာလေးကွာ မွ မွ''

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now