Uni
.
.မင်းခန့်ညား အလွန်ပင်အလုပ်များနေသည်။ ကလေးလေးက မျက်လုံးကောင်းကောင်းမမြင်ရသေးဘူး ဟု မေမေက ပြောသဖြင့် အသံမြည်တဲ့ထဲက ဘာအရုပ်ဝယ်ရမလဲ စဥ်းစားနေတာပင်......
.
.
.
.
.' ကိုကို့ချစ်လေးရေ...... ကိုကိုလာပြီ '.....
ကျောင်းဆင်းလို့ အိမ်ရောက်တာနှင့် အရုပ်လေးကိုင်ကာ ပြေးလာသည်။
ပိစိက တစ်လပြည့်သွားတော့ တော်တော်လည်နေပြီဖြစ်သည်။
ခန့်ညားအသံကြားလျှင် လူကို ရှာတတ်နေပြီ။' တီတီနွယ်..... ပေး..ပေး...သားချီဦးမယ် '.....
' ဟေ့...ဟေ့....ကလေးလေး ကိုကိုခေါ်တာကြားလား '
' သား အရုပ်ဝယ်လာတယ် တီတီနွယ် အသံမြည်တယ် ဒီမှာကြည့် '
ကလေး လက်တစ်ကိုင်စာ အရုပ်ပြားပြားလေးဖြစ်ပြီး အောက်ဖက်ကို ဖိလျှင် ပိကျိ ပိကျိ နှင့်မြည်ကာ လှုပ်ခါလိုက်လျှင် ဂျောက်ဂျက်လို အသံထွက်သည်။
' သားရယ်.... သားညီမက မဆော့တတ်သေးဘူး '......
' ရတယ်လေ တီတီနွယ်.. အသံကြားရရင်ပြီးရောကို '....
' ကဲ......မင်းခန့်ညားရေ ကျောင်းကနေ ဘောလုံးကန်လာတယ်မလား ချွေးသံတလုံးလုံး ဖုန်တမှုန့်မှုန့်ကပ်နေတာကို ကလေးကိုလာချီနေတယ်
ရေချိုးပြီးမှ ပြန်လာ...'အကြည်ကလိုက်လာကာ ဆူမှ ကလေးကိုပြန်ပေးကာ
' ကိုကို့ချစ်ဆုံးလေး ပြန်လာခဲ့မယ်နော် '......
တစ်လသားနဲ့မလိုက်အောင် ဖောင်းကားနေသော ကစ်တုတ်ကို နမ်းချင်ပေမယ့် ကလေးကို မနမ်းရဟု ဒေါ်စိမ်းလဲ့ကြည် က အမိန့်ထုတ်ထားလေသည်။
တီတီနွယ်တို့ အိမ်တံခါးမှာ ရပ်နေတဲ့ မေမေ့ကို မျက်နှာချိုတစ်ချက်သွေးပြီး ရေချိုးဖို့ ပြန်လာခဲ့လိုက်သည်။
' နောက်ကို မချီခိုင်းနဲ့ နွယ်....ကလေးက နုနုလေးရှိသေးတာ '
' အေးပါဟ '.....
' ကိုမောင်ရော...'
' ပျဥ်ပို့မလို့ လုပ်နေကြတာလေ မအားဘူး '....
' အေ..အေ.. ငါ ခဏနေမှလာမယ် ဒီနေ့ အလုပ်သမားတွေ ပိုက်ဆံထုတ်ပေးရမှာ '
YOU ARE READING
နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )
Romanceရွယ်တူ သူငယ်ချင်းနှစ်ယောက်က မွေးပေမယ့် အသက် ၁၂ နှစ်ကွာတဲ့ ကိုကိုနဲ့အူကြူးလေးတို့အကြောင်း