အပိုင်း - ၃

10.4K 216 0
                                    

Unicode
.

ဘာလိုလိုနဲ့ ချစ်မင်း နှင့် အကြည်တို့ပင် မင်္ဂလာသက် (၁၁) နှစ်ပြည့််ခဲ့ပြီ။ သဘောမနောကောင်းကာ ဖြောင့်မှန်တဲ့သူတွေမို့ ပွဲရုံလုပ်ငန်းက အကျိုးပေးလှလေသည်။ ပွဲရုံ အခွဲတွေချည်း ၇ ခု ရှိကာ လက်လီ လက်ကားဆိုင်များပါ ဖွင့်ထားသောကြောင့် သူဌေးတန်းကောင်းကောင်းဝင်နေကြပြီဖြစ်သည်။

ကိုမောင့် သစ်စက်ကလည်း ဆယ်စုနှစ် တစ်ခုကျော် ရပ်တည်လာတာဖြစ်၍ မြို့အနှံ့ သစ်စက်ကိုမောင် ဟု မေးလျှင် မသိတဲ့သူ မရှိလောက်အောင်ရှားသည်။ နွယ်ကလည်း ဦးစီးမှူး ဖြစ်၍နေလေပြီ။
.
.
.
.
.

အိမ်ထောင်သက် ၇ နှစ်ရှိသည့်တိုင် ကလေးမရသေးသဖြင့် နွယ်တို့လင်မယားမှာ ကလေးရူးရူးနေရသည်။ ဗေဒင် ယတြာ အစုံ ဆေးရုံ ဆေးခန်း မသွားချင်မှ အဆုံးဖြစ်သည်။ နောက်ဆုံးတွင်တော့ ကံမပါလာလို့ မရတာဟုသာ နှလုံးသွင်းကြရတော့သည်။

မင်းခန့်ညားလေးလည်း အသက် ၁၁ နှစ်ပြည့်ပြီ ​ဖြစ်လေသည်။ ချစ်မင်းတို့ လင်မယားက သားဖြစ်သူ၏ သူငယ်ချင်းတွေအကုန် အိမ်ကိုခေါ်ကာ တရုတ်စားသောက်ဆိုင်မှ ကြာဇံကြော် ခေါက်ဆွဲကြော် တို့ကို မှာယူ ကျွေးမွေးသည့်အပြင် ရေခဲမုန့်ပါ ကျွေးသဖြင့် ကလေးများ အကြိုက်ဖြစ်၍နေ၏။ ပွဲရုံက အလုပ်သမားတွေအပြင် ကိုမောင့်သစ်စက်က ဝိုင်းဆရာ သစ်ဆွဲသမားပါမချန် အိုးကြီး အိုးငယ်နှင့် မှာယူကျွေးမွေးလေသည်။
.
.
.
.
.
.
.
.

' ခန့်ညား..... '

ခေါ်သံကြား၍ လှည့်ကြည့်လိုက်တော့ ပြီးခဲ့တဲ့နှစ်ကမှ ကျောင်းပြောင်းလာတဲ့ ကြင်နာဦး ဖြစ်နေသည်။

' အကြင်နာ လာပြီလား ဘာစားမလဲ ရေခဲ့မုန့်လည်း ရှိတယ် '

' ဗိုက်ဆာလာတာ ခေါက်ဆွဲကြော်အရင် စားမယ်။ ရော့... မွေးနေ့လက်ဆောင် ပြီးမှ ဖောက်ကြည့်နော် '

ခန့်ညားပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်။

' ဟော တီတီနွယ်လာပြီ နောက်ကျလိုက်တာ တီနွယ် ပြောတော့ မနက်ကတည်းက သားနားနေမှာ ဆိုပြီး ..
ဦးမောင်တောင် အစောကြီးလာတာကို'

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now