အပိုင်း - ၂၇

8.3K 211 13
                                    

Uni

.
.

ဆေးခန်းကိုရောက်တော့ နေတော်တော်မြင့်နေလေပြီ...
ဆေးခန်းက စ မဖွင့်သေးပေမယ့် ဆေးကောင်တာထိုင်ဖို့ သင်တန်းဆင်းတစ်ယောက်နှင့် အကူတစ်ယောက် ငှားထားလိုက်တာမို့ ဝန်ထမ်းနှစ်ယောက်ရှိလေသည်။

" လာ...ကိုးချစ်..''

ကိုးချစ်လည်း နိုးနေပြီမို့ ကားပေါ်ကဆင်းကာ ဆေးခန်းထဲလာခဲ့လိုက်ကြသည်။

" ဆေးခန်းသာပြောတယ် ကျယ်တယ်နော် ကိုကိုခန့် ....ပြီးသွားတာလည်း မြန်တယ် ကိုးချစ်တို့လာတုန်းက Foundation ပဲရှိသေးတာ...''

ကလေးက ရိုးရိုးပြောတာပေမယ့် ဆေးခန်းစဆောက်တော့ ဆိုက်ထဲလာပြီး ဝန်းရံခ ကျောနောက်မှာ ကပ်ကာ နေကွယ်နေရင်း ရယ်မောသဘောကျနေတဲ့ပုံရိပ်တွေက ပြန်ပေါ်လာတာမို့ မင်းခန့်ညား အံကြိတ်မိရသည်။

" ဘာလဲ...ဟိုကောင့်နောက်မှာကပ်ပြီး ခိုးခိုးခစ်ခစ်ရယ်ရတာကို ပြန်လွမ်းနေတာလား...''

" ကိုကိုခန့်နော်...အဲဒါကြောင့် မလိုက်ချင်တာ...''

" ထားပါ..မပြောတော့ဘူး...
..လာ..ကိုးချစ်လေးအတွက် ကိုကိုခန့်က တီဗွီထည့်ပေးထားတယ်...''

" အမ်...ကိုးချစ် က ဘာလုပ်ဖို့ တီဗွီ...''

" ကိုးချစ် ကျောင်းပိတ်ရင် ဆေးခန်းမှာလာနေလေ...ကိုကိုခန့်ကို ကူပေါ့...''

" တွက်ရေးကတော့ စက်သူဌေးပဲတော်... သူများက British Center မှာ လုပ်အားပေးသွားမလို့ စာရင်းပေးထားပြီးပြီ....အဲ့ဒီမှာပဲ သင်တန်းတက်ပြီး Certificate လည်းယူမှာ...''

" ကောင်းဝန်းရံခ ရောလား...''

" အင်းပေါ့...''

" ဟာ...မတက်နဲ့..မသွားနဲ့... ကိုကိုခန့်ဆီပဲလာနေ...''

" တစ်ပတ်မှာ သုံးရက်ပဲသွားရမှာလေ...လေးရက်က ကိုကိုခန့်ဆီမှာနေမယ်..သူငယ်ချင်းတွေပါဆို ပြောထားရဲ့နဲ့.''

ငါးခူပြုံးလေးပြုံးကာ ပြောတော့လည်း ကျေနပ်ရပြန်သည်။ ကိုးချစ်ဟာလေ သူ့ကို အမျိုးမျိုးပြုစားနိုင်တဲ့ကလေးမ...

ကိုးချစ်အတွက်ပြင်ထားတဲ့ တီဗွီရှေ့က ဆက်တီမှာ ထိုင်ချလိုက်ရင်း ကလေးကိုပါ သူ့ဘေးမှာ ထိုင်ဖို့ ဆိုဖာကို ပုတ်ပြလိုက်သည်။ အနားကပ်မထိုင်ဘဲ အစွန်းမှာသွားထိုင်တာကြောင့် မင်းခန့်ညား အလိုမကျဖြစ်ကာ အနားထိတိုးထိုင်ရင်း ကလေးနဖူးပေါ်က ဆံနွယ်လေးတွေကို ဖယ်ပေးလိုက်သည်။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Où les histoires vivent. Découvrez maintenant