အပိုင်း - ၁၇ ( Uni + Zawgyi)

8.4K 221 7
                                    

Uni

.
.

ဒီနေ့ ကိုးချစ်တို့ ကျောင်းအပ်ကြတဲ့နေ့ပါ....
အိမ်အလှဆင်ရတာဝါသနာပါပြီး အိမ်ပုံဒီဇိုင်းတွေ ကိုယ်တိုင်ထွင်ရတာကို သဘောကျလို့ နည်းပညာတက္ကသိုလ်လျှောက်ထားခြင်းဖြစ်သည်။

တက္ကသိုလ်ကို အခုမှ ပထမဦးဆုံး ကျောင်းစအပ်ဖူးတာမို့ ကိုးချစ် အယောင်ယောင်အမှားမှားဖြစ်နေလေသည်။

" အဲ့ဒီ ဓာတ်ပုံတွေက မကပ်ရဘူး အိတ်ထဲထည့်ပြီး စတာပလာနဲ့တွဲပေးလိုက်ရမှာ ''

အသံကြောင့် ကိုးချစ်မော့ကြည့်လိုက်တော့.....

မိန်းကလေး....မိန်းကလေးမှ မိန်းကလေးစစ်စစ်ပါ.....

အသံက သာမန်မိန်းကလေးတွေထက်နည်းနည်းအောနေသည်။ ၅ပေ ၄လက်မရှိသည့် ကိုးချစ်ပင် မော့ကြည့်ရသည့် အရပ်ကြီးဆိုတော့ ၅ပေ ၁၀ နဲ့ ၁၁ ကြားကတော့ပြေးမလွတ်ပေ။

" ဟိတ်...မိန်းကလေး အရပ်ရှည်တာ မမြင်ဖူးဘူးလား ''

" ဟမ်...အင်း...အစ်မလောက်ကြီးရှည်တာတော့ အခုမှမြင်ဖူးတာ ''

" ဟိတ်...ငါ့အသက်က ၁၇ နော် ခုမှ ပထမနှစ်လာအပ်တာ ''

" ဟယ် ရွယ်တူပေါ့...ဟီးဟီး ''

" အေး...ငါ့နာမည်က ခင်ခင်ခ တဲ့ သူက ရတနာလှိုင်...ငါနဲ့ငယ်ငယ်တည်းက သူငယ်ချင်း ''

ကိုးချစ်ဖြည့်ထားတဲ့ ဖောင်ကို တစ်ချက်ငုံ့ကြည့်လိုက်ပြီး

" နင့်နာမည်က ခန့်သော်တာမောင် လား ''

" အင်း...သော်သော်ပဲခေါ်လိုက် ''

ထိုအခါမှ ကိုးချစ်လည်း ဖောင်ဖြည့်ရတာ တိုင်ပင်ဖော်ရပြီး အဆင်ပြေသွားသည်။

သုံးယောက်သား ဖျက်လိုက် ပြင်လိုက် ပြန်ရေးနေရသည်။

နောက်ဆုံးတော့ အောင်အောင်မြင်မြင် ပြီးဆုံးသွားလေသည်။
.
.
.
.
.

ကလေးက နည်းပညာတက္ကသိုလ်ဝင်ခွင့်ရပြီး မြို့ပြအင်ဂျင်နီယာမေဂျာ လျှောက်ထားကြောင်း ပြောပြသည်။ အမှတ်များတာမို့ ရလောက်သည်ဟု ပြောထားသေးသည်။ ကျောင်းအိပ်ကျောင်းစားသွားနေကတည်းက ပိန်ကျသွားသော ကလေးမှာ ပါးဖောင်းဖောင်းလေးသာကျန်တော့သည်။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now