အပိုင်း - ၃၃

7.7K 189 16
                                    

Uni

.
.

မနက် အိပ်ယာနိုးတော့ ကိုးချစ်ခေါင်းက ပေါက်ထွက်မတတ် ကိုက်နေတော့သည်။

" ကျွတ်...ကျွတ်...သေတော့မှာလား မသိဘူး...''

အိမ်အောက်ကို ဆင်းလာတော့ ကိုကို ရောက်လို့နေလေသည်။

" ဟို အမူးသမ လာ ထိုင်.... ညည်းနဲ့စာရင်းရှင်းရမယ်...''

ကိုးချစ် မျက်နှာငယ်လေးနဲ့ ဝင်ထိုင်လိုက်ရင်း ကိုကို့ကို စစ်ကူတောင်းသလို ကြည့်တော့ ပုခုံးတွန့်ပြသည်။ သူလည်း မတတ်နိုင်ဘူး ပေါ့...

" ဘာမှ မျက်နှာငယ်နဲ့ လာမလုပ်နဲ့... ညည်းကိုယ်ညည်း ဘယ်အသက်အရွယ်များ အောက်မေ့နေလဲ...မူးကွဲနေတာပဲ...''

" မေမေပဲ သောက်လို့ရတယ်ပြောပြီးတော့...''

" ဒေါက်...''

" အားလားလား... ''

မင်းခန့်ညား.. ကလေးနားကို ကူးထိုင်ပြီး  ခေါင်းကို အုပ်ပေးထားလိုက်သည်။

" စကားနဲ့ပဲ ပြောလို့ တီတီနွယ်...''

" မေမေ လုပ်လို့ ခေါင်းပိုကိုက်သွားပြီ ဟင့်...''

" ငါလေ...မယ်ကိုးချစ် ''

တီတီနွယ်က ပြောရင်း ကလေးကိုထပ်ရိုက်မလို့ လုပ်တာမို့ မင်းခန့်ညားရင်ခွင်ထဲထည့်ကာ ကွယ်ထားလိုက်သည်။

" ဖယ် ခန့်ခန့်...မင်းညီမ ရိုက်မှရမှာ...''

" တော်ပါတော့ တီတီနွယ်ရယ်...ကိုးချစ် နောက်အိမ်ကလူကြီးတစ်ယောက်ယောက်မပါဘဲ မသောက်နဲ့နော် ကြားလား... ''

" ဟုတ်..''

မေမေကတော့ ကိုကို့ရင်ခွင်ထဲ ပုန်းနေတဲ့ ကိုးချစ်ကို မျက်စောင်းတထိုးထိုး နှင့် ထွက်သွားသည်။

" လုပ်လိုက်ရင် မျက်နှာငယ်နဲ့ ကားပေါ်က ပွေ့ချရတဲ့အပြင် လူပေါ်က အန်ချသေး...''

" ဟီး...နောက်သောက်တော့ပါဘူးဆို....''

" သွား အခန်းထဲ သွားနားနေ.. သံပုရာရည်ဖျော်ပေးမယ်...''

" ဟုတ်...''

.
.

မင်းခန့်ညား ဆေးခန်းက လူများနေတာမို့ အပြန်နောက်ကျလေသည်။ ကလေးကတော့ စာမေးပွဲဖြေတော့မှာမို့ စာကျက်နေခဲ့သည်။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now