အပိုင်း - ၄

10.1K 224 0
                                    

Unicode
.
.
.
.
' အမလေး မနွယ် '.....

' လာကြပါဦး မနွယ် မူးလဲလို့ '.......

အိမ်ရှေ့က အော်သံတွေကြားလို့
ကိုမောင် ဒရောသောပါးပြေးထွက်လာတော့ ပုံပုံလေးလဲနေတဲ့ သူရဲ့မနွယ်.......

' နွယ်......နွယ်.....'

စွေ့ကနဲ ကောက်ချီကာ ဆေးခန်းသို့ပြေးထွက်လာမိတာ ဖိနပ်ပင်ပါမလာ...... အိမ်မှာ ကားရှိတာကိုလည်း သတိမရ...

' အမလေး ချစ်မင်းရေ ကားထုတ် မြန်မြန် ဟိုမှာ ကိုမောင်က ပြေးပြီ...... '

ချစ်မင်း ဂိုထောင်ထဲက ကားကိုထုတ်ပြီး စိမ်းလဲ့ကြည်ကို ခေါ်ကာ ကိုမောင့်နောက်လိုက်ရသည်။

' ကိုမောင် တက် တက်..'

နွယ့်ကိုပါ ကားနောက်ခန်းထဲ ထည့်ပြီး ရင်ခွင်ထဲပွေ့ကာ ထိုင်လိုက်လာသည်။

' နွယ်....နွယ်လေး... ကိုမောင်ခေါ်နေတာကြားလား '

စိတ်ပူရလွန်း၍ မျက်ရည်များဝဲပြီး ချွေးစေးတွေပါပြန်လာသည်။
.
.
နွယ် လုပ်တာကိုင်တာတွေ အကုန်ကြားနေရသော်လည်း အိပ်မက်မက်သလိုဖြစ်နေကာ မျက်လုံးလည်းမဖွင့်နိုင် မလှုပ်နိုင်ဖြစ်နေလေသည်။

ဆေးခန်းရောက်တော့ သုံးယောက်သား ဝရုန်းသုန်းကားနှင့် ဆရာဝန်ကို ဝင်တွေ့ကြသည်။ ဆေးခန်းတစ်ခုလုံး အလန့်တကြားတွေဖြစ်ကုန်လေတော့သည်။

' ရုတ်တရက်ကြီး မေ့လဲသွားလို့ပါ ဆရာမ '.....

' လာလာ ကုတင်ပေါ်တင်လိုက် ကျွန်မကြည့်ပေးမယ် '

ဆရာဝန်က သွေးပေါင်ချိန်ပြီး မျက်ခွံအပေါ်အောက်ကို သေချာကြည့်လေသည်။

' သွေးပေါင် လုံးဝထိုးကျသွားတာ ဇီးရိုးပဲရှိတယ် '

ပြောပြောဆိုဆို ဂလူးကိုစ့် ဆေးပုလင်းချိတ်ဖို့ ပြင်တော့သည်။

' ခဏနေရင် သတိရလာမှာနော် စိတ်အေးအေးထားကြပါ လူနာရှင်က ဘယ်သူလဲ မသိဘူး '.....

' ကျွန်တော်ပါ '........ ကိုမောင်က ဖြေလေသည်။ စိမ်းလဲ့ကြည် မှာမူ သူငယ်ချင်းကိုကြည့်ပြီး ခြေဖျားလက်ဖျားတွေပါ အေးနေတော့သည်။ ငယ်ပေါင်းကြီးဖော်ဆိုလို့ ဒါလေးပဲရှိတာမလား.......

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Όπου ζουν οι ιστορίες. Ανακάλυψε τώρα