အပိုင်း - ၁၅ ( Uni + Zawgyi )

9K 196 4
                                    

Uni
.
.
.

ကိုးချစ်က အိမ်အပြန်လမ်းတောက်လျှောက် ငိုလာတာမို့
ဒေါ်စိမ်းလဲ့ကြည် စိတ်မကောင်း....တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ သားနဲ့အခုလို အကြာကြီး မခွဲဘူးတာကြောင့် ကိုယ်တိုင်လည်း ငိုမိလေသည်။
.
.
.
.
.

လေယာဥ် အဆင့်ဆင့် စီးပြီးနောက် မနက် ၄ နာရီလောက်မှ မင်းခန့်ညား အင်္ဂလန်မြေပေါ် ခြေချရတော့သည်။ အရေးထဲ လေဆိပ်စောင့်ရဲတွေက စစ်နေသေးလို့ ​တော်တော်နှင့်ထွက်မရပေ။ ကျောင်းသားဗီဇာ နှင့် တက်မယ့်ကျောင်းက ပရော်ဖက်ဆာနဲ့ အပြန်အလှန်ပို့ထားတဲ့ အီးမေးလ် တွေကို ပြလိုက်မှ စစ်ဆေးရေးခန်းထဲမှ ထွက်ခွင့်ပေးတော့သည်။ ကျောင်းက ပရော်ဖက်ဆာတွေနဲ့ ပြောထားပြီး အင်္ဂလိပ်စကားကျွမ်းကျင်တာမို့ နေမယ့်အဆောင်ကို သွားရတာ အခက်အခဲမရှိလှပေ။

နေမယ့်အဆောင်ရောက်တော့ ကျောင်းက ပရော်ဖက်ဆာကို ဆက်သွယ်လိုက်သည်။ ရောက်တဲ့နေ့မို့ အေးအေးဆေးဆေးနားပြီး မနက်ဖြန်ကိုးနာရီလာတွေ့ဖို့ပြောတာမို့ အိပ်ယာပြင် အထုတ်တွေနေရာသေချာချပြီး ရေချိုးလိုက်သည်။ အဆောင်ပုံစံမျိုးပေမယ့် တစ်ယောက်တစ်ခန်းကို ရေချိုးခန်း အိမ်သာနှင့် မီးဖို ခပ်ကျဥ်းကျဥ်းပါ ပါတာမို့ အဆင်ပြေသည်။ နေရာက ကျဥ်းပေမယ့် မင်းခန့်ညားအတွက်တော့ အခက်အခဲမဟုတ်ပါ။ အချိန်က မြန်မာနိုင်ငံနဲ့ ခြောက်နာရီခွဲလောက်ကွာတာမို့ နေရတာတစ်မျိုးတော့ဖြစ်နေသည်။

Cb ဖွင့်ကြည့်တော့ မမပုံ့ကို လိုင်းပေါ်မှာတွေ့တာမို့ vedio call ခေါ်လိုက်သည်။

' ဟဲလို....မောင်လေး...ရောက်သွားပြီလား...'

' ဟုတ်တယ် မမပုံ့....မေမေတို့ရော'

' ရှိတယ် ခဏလေး....'

' အရီးရေ....ဒီမှာ မောင်လေးဖုန်းခေါ်တယ်...'

' အေး...ထမင်းစားနေတာဟေ့...'

' မေမေ နေကောင်းလား '

ဒီမှာ မနက် ၆ နာရီပဲရှိသေးပေမယ့် မေမေတို့က နေ့လယ်စာတောင်စားနေကြသည်။

' အေး.... သား.. ကောင်းတယ် '
' သားအဖေလည်း ရှိတယ်...... အဆင်ပြေလား သား...'

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now