အပိုင်း - ၅

10.2K 192 0
                                    

.
.
.

' နွယ်ရေ နွယ်......ကိုမောင်...'
အသံတစာစာနဲ့ အကြည်က ဝင်ချလာသည်။ ချစ်မင်းပါ လိုက်လာလေသည်။

ကိုမောင်က ဆီးစစ်တံတွေကို ယူလာပြီး အိမ်ရှေ့ထွက်လာလိုက်သည်။

' ကိုမောင် အခြေအနေ... နွယ်ရော..နွယ်'

ကိုမောင်က ဆီးစစ်တံတွေကို ထောင်ပြလိုက်တော့ ဆတ်ကနဲဆွဲယူကာကြည့်လေတော့သည်။

' ချစ်မင်းရေ နှစ်ကြောင်းကိုထင်းလို့ဟဲ့ '.....

ထိုအချိန်မှ နွယ်က ကိုမောင့်နောက်ကနေ လှုပ်လီလှုပ်လဲ့လေးထွက်လာလေသည်။

' မိနွယ်ရေ.... တကယ်ကြီးကို ရှိတာဟဲ့ ' .... ပြောရင်း အကြည်က နွယ့်လည်ပင်းကို သိုင်းဖက်ကာ ခုန်ပေါက်နေတော့သည်။

' မိစိမ်းလဲ့ကြည်..... ဟိုက မနေ့ကမူးလဲထားတာနော်.. နင့်ခန္ဓာကိုယ်ကြီးနဲ့ ဖိမခုန်နဲ့ '

' ငါ အပျော်လွန်သွားလို့ဟဲ့ '....

ချစ်မင်းက အကြည့်ကိုသာတားနေပေမယ့် သူကိုယ်တိုင်ကတော့ ကိုမောင့်လက်မောင်းကို ခပ်ဖွဖွထိုးကာ......
' ငါတို့ အစ်ကိုကြီးလုပ်နိုင်ပြီကွ ' ဟု တဖွဖွပြောနေမိသည်။

' ဒေါက် ဒေါက်.....ဒေါက် ဒေါက် '

ခန့်ညား အခန်းတံခါးကို အဆက်မပြတ် ခေါက်နေသံကြောင့်နိုးလာလေသည်။ ဘယ်သူများပါလိမ့်။ နာရီကြည့်တော့ ၆ နာရီသာရှိသေးသည်။ အရေးကြီးကိစ္စရှိကြပြန်တာလား ဟု တွေးမိလေသည်။

တံခါးကို ဖွင့်လိုက်တော့ မေမေရယ် တီတီနွယ်ရယ်က အပေါက်ဝရှေ့ နောက်မှာက ဦးမောင်နှင့် ဖေဖေက ရပ်နေလေသည်။

' ခန့်လေး သားထက်အငယ်လေး လိုချင်သေးလား '.....

အိပ်မှုံစုံမွှားဖြင့်......

' ဘာကိုလဲ တီတီနွယ် လက်ဆောင်တွေဖောက်ဖို့လား ညနေကျောင်းဆင်းမှ ဖောက်ကြမယ်လေ သားအိပ်နေတဲ့ဟာကို '

' မဟုတ်ဘူး သား အရင်က သားပြောတော့ သားထက်ငယ်တဲ့ကလေးလေးရချင်တယ် သားက အငယ်ဆုံးဖြစ်နေရတာ မကြိုက်ဘူးဆို '.....

မင်းခန့်ညား မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး

' ဟုတ်တယ်လေ အငယ်လေးရမှာပါလို့ ပြောကြပြီး သားတောင် ၁၁ နှစ်ပြည့်ပြီ မရသေးဘူး ခုထိ '

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now