အပိုင်း - ၂၄

8.9K 214 14
                                    

Uni

.
.

" အီး.... ဟီး...ဟီး....ကားရပ်ပေး..
ကိုကိုခန့် ကားပြန်လှည့်လို့.... ကိုးချစ်ကြောက်တယ်လို့....ရပ်...အခုကားရပ်လို့...ဟီး...ဟီး...''

တွန်းထိုးပြီး ကားကိုရပ်ခိုင်းတာတောင် မရပ်ပေ။

ကိုးချစ် မေ​မေ့ကိုဖြစ်ဖြစ် ဖုန်းဆက်ဖို့ လွယ်အိတ်ထဲက ဖုန်းကိုထုတ်လိုက်တော့ ဖုန်းကို ဆွဲလုကာ ကားနောက်ခန်းထဲ ပစ်ထည့်ချလိုက်သည်။

" ဘာလဲ...ဟိုကောင့်ကို ဖုန်းဆက်ချင်သေးတာလားဟမ်...''

ကိုးချစ် နားတွေပါအူလာသည်။
ကားနောက်ခန်းထဲ ချက်ချင်းကူးလိုက်ပြီး ဖုန်းကိုလိုက်ရှာလိုက်သည်။

ကိုကိုခန့်ကို မမုန်းပေမယ့် ဒီလိုကြီးတော့မကြိုက်ပါ.....

" အဟင့်...ဟင့်...''

မျက်လုံးက မျက်ရည်တွေအပြည့်နဲ့မို့ ဝါးနေပြီး ဖုန်းကို ရှာမတွေ့နိုင်ဖြစ်နေတုန်း ကားက ရပ်သွားသည်။

.
.

မင်းခန့်ညား ကားကိုဘေးချရပ်လိုက်ပြီး နောက်ခန်းကို ကူးလာလိုက်သည်။

တရှုံ့ရှုံ့ငိုနေတဲ့ကလေးက ဖုန်းကိုသာ သည်းကြီးမည်းကြီး ရှာနေတာမို့ ကားရပ်လိုက်တာကိုပင် သတိထားမိပုံမပေါ်ပါ။

" ကိုးချစ်..''

" ဖယ် လွှတ်.....လွှတ်....''

" ကိုးချစ်...ဒီကိုကြည့်...ငါ့ကိုကြည့်စမ်း.. ''

" မလာနဲ့...ဖယ်လို့...ဖယ်လို့...''

ကလေးက ကြောက်လန့်ပြီး တုန်နေတာမို့ သူလွန်သွားပြီမှန်း မင်းခန့်ညား သိလိုက်ပြီမို့ လေသံလျှော့ချလိုက်သည်။

"...ကိုးချစ်...''

" မထိနဲ့လို့....''

လက်ကလေးတွေကို ဖမ်းချုပ်ကာ စိတ်ငြိမ်အောင် ထိန်းပေးထားမလို့ပေမယ့် ကလေးက လက်မခံ....ကားတံခါးမှာ ကပ်၍နေတော့သည်။

မင်းခန့်ညား ..လက်နှစ်ဖက်ကို မြှောက်ကာ ကလေးနဲ့ ခပ်ခွာခွာထိုင်လိုက်သည်။

" အိုခေ...မလာတော့ဘူးနော်...မငိုနဲ့တော့..''

" ပြန်မယ်...''

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now