Uni
.
.ကိုးချစ် လေးလည်း အသက် ( ၃ ) နှစ်ပြည့်လုပြီဖြစ်သည်။ နွယ့်ဆိုင်ကတော့ အကျိုးပေးသန်သည် ဟုပြောရလောက်အောင် အရောင်းသွက်လေသည်။ " မင်းကတော် ပိုးထည်တိုက် " ဆိုလျှင် မသိသည့်သူမရှိ။
.
.
.' ကိုကိုထန့်..... အာ့ ဘာလုပ်နေတာလဲ '
တီတီနွယ် ကိုးချစ် ကိုမွေးတဲ့နေ့ကတည်းက ဆရာဝန်လုပ်ဖို့ ဆုံးဖြတ်ထားတဲ့ မင်းခန့်ညား တစ်ယောက် ကိုးတန်း နှင့် ဆယ်တန်းကို ကျောင်းအိပ်ကျောင်းစားနေဖို့ ဆုံးဖြတ်ထားသည်။
အဆောင်သွားဖို့ အထုတ်ပြင်နေတုန်း
ကိုးချစ်က ရောက်လာကာ နှုတ်ခမ်းတထော်ထော်နှင့် မေးတော့သည်။' ကိုကိုခန့်က ဒီမှာ မနေတော့ဘူး '
' အမ် '
' ကိုကိုခန့်က ကိုးချစ်နဲ့နေလို့ မရတော့ဘူး
ဟိုးအဝေးကြီးကို သွားနေတော့မှာ '' ကိုကိုထန့် က တိုးချစ်ကို ချစ်တော့ဘူးလား '
မယ်တတ်ပကြောင့် မင်းခန့်ညား ရယ်လိုက်မိသည်။
' ဘယ့်နှယ် တိုးချစ် တုန်း '
' ဒီမှာ ကိုကိုခန့်ကိုပြောပြမယ် လိုက်ပြော '' ကိုး...'
' ကိုး '
' ချစ် '
' ချစ် '
' ကိုး....ချစ် '
' တိုးချစ် '
' ဟား....ဟား...ဟား '
ဘယ်လိုသင်သင် တိုးချစ် ပဲဖြစ်နေလို့ မင်းခန့်ညား သဘောကျနေသည်။
' ကိုကိုထန့်က တိုးချစ်ကို ချစ်ဘူးလား... တိုးချစ်နဲ့နေဘူးလား '....
ကိုကို ကိုတော့ ပီအောင်ပြောတတ်ပြီး ကိုး ကိုတော့ တိုး ပါတဲ့လေ။
' အင်း မနေတော့ဘူး '
' အီးးးး.......ဟီးးးးးဟီးးးးး '
' ဟာ.....ကိုချစ် မငိုနဲ့ ဟား....ဟား.....ဟား..'......
ငိုအောင်စပြီးမှ မင်းခန့်ညား သဘောကျသလို လန့်လည်းလန့်နေရသည်။ အမေဆူတာတော့ ခံရတော့မှာပဲ........
YOU ARE READING
နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )
Romanceရွယ်တူ သူငယ်ချင်းနှစ်ယောက်က မွေးပေမယ့် အသက် ၁၂ နှစ်ကွာတဲ့ ကိုကိုနဲ့အူကြူးလေးတို့အကြောင်း