အပိုင်း ၄၉

7.5K 215 30
                                    

Uni

.
.
.

" သား.. ခန့်ညား... ကလေးက ကိုယ်ဝန်နဲ့... အန္တရာယ်တော့ ဖြစ်ပြီထင်တယ် ''

မင်းခန့်ညား ပုတ်နှိုးခံရသလို နိုးသွားပြီး ကိုးချစ်ကို ပွေ့ကာချီသည်။

" ဒေါ်ရီ လိုတာတွေပြင်ထားလိုက်။ ကိုထူး ကားပြင် ကလေးမနှစ်ယောက် လာ လိုက်ခဲ့ ''

ကိုးချစ်ကတော့ ဗိုက်ကို ကိုင်ကာ ယူကျုံးမရ ငိုယိုနေသည်။

သွေးသံရဲရဲနဲ့ ပြေးထွက်လာကြတာမို့ ကားပါကင်က လူတွေကလည်း ဝိုင်းကြည့်ကြသည်။

လမ်းမှာ အစ်မမြသိမ့်ချယ်ကို ဖုန်းဆက်ဖို့လိုတာမို့ ဖွင့်တော့ တုန်ယင်နေတဲ့ လက်တွေက ဖုန်းလော့ခ်ကိုပင်မဖြေနိုင်။ ဘေးက ကလေးမကို ဖုန်းထိုးပေးလိုက်သည်။

" ၀၈၃၈၇၈ နှိပ်လိုက် ပြီးရင် မမြသိမ့် ( O&G)  လို့မှတ်ထားတဲ့ နံပါတ်ကိုခေါ် ''

" အင်း...ဟင်းးး ''

ကိုးချစ်ကတော့ သွေးတွေဆင်းကာ နှုတ်ခမ်းတွေဖြူလာလို့နေသည်။

" ဟယ်လို ''

" ဟယ်လို အစ်မ ဘယ်ဆေးရုံမှာလဲ ''

" ......... မှာ ခန့်ညား ဘာကိစ္စလဲ ''

" ကိုးချစ် သွေးတွေသွန်လို့ ''

" ဟောတော် အစ်မစောင့်နေမယ် လာခဲ့လိုက် ''

အစ်မဖုန်းချသွားပြီးတော့ မေမေတို့ကို ဖုန်းထပ်ဆက်ခိုင်းကာ ဆေးရုံလာခိုင်းရသည်။

ဆေးရုံရောက်တော့ အရေးပေါ်သွေးရှာရသည်။ အရေးထဲဆိုမှ အရေးထဲပင်.. ကိုးချစ်က O သွေးမို့ ရှာရလွယ်သွားသည်။

အာထရာဆောင်းရိုက်ပြီးတော့ ပျက်ကျသွားပြီဆိုတာ သိလိုက်ရသည်။

" miscarriage case ဆရာမ သားအိမ်ခြစ်ဖို့ ပြင်ရမယ် ''

သူနာပြုဆရာမကို မှာလိုက်ရင်း ယူကြုံးမရဖြစ်နေတဲ့ မင်းခန့်ညား လက်မောင်းကို ညှစ်ကာ ပြုံးပြလိုက်သည်။

အားပေးပြုံးပြနေတဲ့ မမြသိမ့်ကို မင်းခန့်ညား ပြန်မပြုံးပြနိုင်ပါ။ သူဘယ်လို အားတင်းရပါ့မလဲ။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now