အပိုင်း - ၅၃

7.3K 171 15
                                    

Uni

.
.

" ဟင်း... မ..သွား...နဲ့... ''

" ဖေ..ဖေ...ပါ... ကလေး...''

ညည်းသံသဲ့သဲ့နဲ့ လှုပ်ရှားမှုတချို့ကြောင့် ကိုးချစ် နိုးလာကာ အိပ်ချင်မူးတူး ဘေးဘီကိုကြည့်မိတော့ ကိုယ့်အခန်းနဲ့ကိုယ်မဟုတ်ဘဲ  ကိုကို့အခန်းထဲအိပ်ပျော်နေတဲ့အဖြစ်ကို သိသွားသည်။

" ဖေ...ဖေ.. တောင်း...ပန် ''

လေသံတစ်လုံးချင်း အားယူပြောကာ ရှိုက်နေတဲ့အသံကြောင့် ကိုးချစ်ကြည့်လိုက်တော့ ကိုကိုက အိပ်ရင်းယောင်နေတာပင်။

" ဒီမှာ.... ဒီမှာ.... ''

ပုခုံးကို လှုပ်နှိုးလိုက်လို့ နိုးလာသည့်တိုင် ယောင်ယမ်းကာပြောနေတုန်းပင်။

" ဖေဖေ တမင်လုပ်တာမဟုတ်ပါဘူး ကလေးရယ်... မသွားကြပါနဲ့ မငိုပါနဲ့ ''

" ဒီမှာ....  သတိလေးထားဦး.... ကိုမင်းခန့်ညား ''

ရင်ဘတ်ကို ခပ်ဆတ်ဆတ်လေးပုတ်ရင်းပြောတော့မှ သတိဝင်လာဟန်နဲ့ ကိုးချစ်ကို မော့ကြည့်လာသည်။

" ကိုကို အိပ်မက်မက်တာထင်တယ် ကလေးလေး...''

ပြောရင်း မျက်လုံးတွေကို ဖိကာပွတ်သည်။

" ဘာအိပ်မက်လဲ ''

အရင်က အိပ်မက်မက်ပြီးယောင်တာမျိုး မကြုံဖူးသည့်အပြင် ဖေဖေ ဟု အသုံးအနှုန်းတွေကိုပါ ကြားလိုက်ရတာမို့ ကိုးချစ်ပြန်မေးမိတော့ ပြုံးရင်းခေါင်းယမ်းပြသည်။

" ဒီတိုင်း အိပ်မက်ဆိုးတွေပါ... ကလေးက ဘယ်လိုရောက်လာတာလဲ ခုထိ အခန်းမပြန်ရသေးဘူးလား ''

ထိုစကားကြားတော့မှ ကိုးချစ် ခန္ဓာကိုယ်မတ်သွားရသည်။ သူ့အခန်းထဲ အိပ်ပျော်သွားတာ ဒီလူကြီးသိလို့မဖြစ်ဘူး။

" ရေထသောက်တာ။ ခင်များ ငိုသံကြားလို့ ဝင်လာတာ ''

" ဪ ''

မင်းခန့်ညား ယုံသယောင်ခေါင်းငြိမ့်ပြလိုက်ပေမယ့် ကလေးပုံစံမှာ ညကတည်းက ကျောင်းသွားတဲ့ အဝတ်အစားအတိုင်းပဲမို့ သူနဲ့အတူအိပ်ပျော်သွားတာမှန်း သိလိုက်သည်။ ရင်ထဲ ကြည်နူးသွားပေမယ့် ကလေးရှက်မှာစိုးတာကြောင့် မသိသလိုသာနေလိုက်၏။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )On viuen les histories. Descobreix ara