အပိုင်း ၅၀

7.8K 201 16
                                    

Uni

.
.
.

" ဟေ့ကောင် ရဲထွဋ်ကို.... မင်းကောင်ကြီးက စက်ပိတ်ထားတာကွ ခေါ်မရဘူး ''

" ဟူး...ဒီကောင် ဆေးရုံတွေလည်း မထိုင်တော့ဘူးပြောတယ် ဘာတွေလုပ်နေမှန်းမသိဘူး ''

" အေး ငါလည်းသိပ်သဘောမကျဘူး ပုံမှန်ဖြစ်လွန်းနေတယ် ဒီကောင့်ပုံစံနဲ့ဆို ငိုယိုပြီး အသည်းကွဲနေတာမှ ပုံမှန်ဖြစ်နေရမှာ... အခုက ဘာမှမခံစားရသလိုကို ဖြစ်နေတာ ''

" အိမ်လိုက်သွားရအောင်ကွာ ရှိမှာပါ ''

မင်းခန့်ညား ဆေးရုံတွေမထိုင်တော့ကြောင်း သတင်းကြားတာပြီး ဖုန်းဆက်တော့ စက်ပိတ်ထားတာမို့ မဟုတ်တာ တစ်ခုခုလုပ်မှာ စိုးရိမ်နေကြသည်။

ကွန်ဒိုရောက်တော့ ပါကင်မှာ ခန့်ညားကားကိုတွေ့ရတာမို့ စိတ်ပိုပူရသည်။ အပေါ်တက်လာခဲ့တော့ အရှေ့မှာ စျေးခြင်းတောင်းနဲ့ လေးတွဲတွဲလမ်းလျှောက်နေတာက ဒေါ်ရီပင်...

" ဒေါ်ရီ ''

" ဟေ... ဪ ထွဋ်ကြီး နဲ့ ကောင်းကြီး... ခန့်ခန့်ဆီလာတာလား ''

" ဟုတ် ဒေါ်ရီ ဖုန်းဆက်မရလို့ ဒီကောင့်ကား အောက်မှာတွေ့ခဲ့တယ်''

" ဟင်းး.... ခန့်ခန့်က ကလေးသွားပြီးကတည်းက အပြောအဆိုသိပ်မရှိဘူး ''

အိမ်ရှေ့ရောက်တော့ ဒေါ်ရီက နံပါတ်နှိပ်ကာ အိမ်တံခါးကို ဖွင့်ပြီး ဝင်လိုက်ရင်ပဲ သူတို့တွေ့လိုက်ရတာက....

" ဒုန်း ''

" သား... ခန့်ညား ''

" မင်းခန့်ညား ''

အောင်ကောင်းမြတ်က တွဲလောင်းဖြစ်သွားတဲ့ မင်းခန့်ညားကို ခြေထောက်က မ ထားလိုက်ပြီး ရဲထွဋ်ကိုက ဓားယူကာ ကြိုးကို ဖြတ်ချသည်။

" ခန့်ညား မင်းခန့်ညား.... ငါခေါ်တာကြားလား ''

ဒေါ်ရီကတော့ ထိတ်လန့်သွားကာ အသံပင်မထွက်နိုင်တော့။ နွယ့်အိမ်မှာနေပေမယ့် ခန့်ညားဆိုတာလည်း ကိုယ့်တူလေးလိုပင်။

နှလုံးကတော့ ခုန်လို့နေသေးသည်။

" ကောင်းကြီး မ ကွာ ဆိုဖာပေါ်ရွှေ့ ''

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now