Uni
.
." ငါ မြေကွက်အလွတ်တွေ့ထားတယ် ခန့်ညား....နေရာလည်း ကောင်းတယ်.....ပိုင်ရှင်က ငှားမယ်ပြောထားတာ....''
" အေး.....အဲဒါလည်း အဆင်ပြေသားပဲ ဆေးခန်းကို ငါ့ဘာသာဆောက်လိုက်မယ်.....''
" အေး....အိမ်အဟောင်းပါလာရင် မင်း ပြန်အပ်တဲ့အချိန်အကုန်ပြန်ပြင်ပေးရမှာ....''
မြေကွက်က တော်တော်လေးအဆင်ပြေသည်။ အရမ်းမကျယ်ပေးမယ့် နောက်ကို အလျားရှည်တာမို့ ဆေးခန်းကို ကောင်းကောင်းဆောက်လို့ရမည်......
နောက်မှာ.....ဆိုဖာတစ်ဆက်ဝယ်ထည့်ပြီး တီဗွီပါ ဝယ်ထည့်ရမည်....
ကိုးချစ်က တီဗွီကြိုက်တယ်လေ....ကိုယ့်ဘာသာတွေးမိပြီးမှ မင်းခန့်ညား ဂုတ်ပိုးကိုပွတ်ကာပြုံးမိသည်။
" မြေကွက်က သဘောကျဖို့ကောင်းပေမယ့် မင်းရှက်ပြုံးကြီးပြုံးရလောက်တဲ့ထိတော့ မဟုတ်ဘူးထင်တာပဲ မင်းခန့်ညား.... ''
အောင်ကောင်းမြတ် အသံကြားမှ စိတ်နဲ့လူပြန်ကပ်တော့သည်။
" မဟုတ်ပါဘူးကွာ....လုပ်ချင်တာလေးတွေ တွေးမိလို့ပါ...''
" ရည်းစားရတော့မှာဆိုလည်း ကြိုပြောဦး.... မင်းရုပ်ကြီးက သိသိသာသာကြီး...''
" ဟားး....ဟားး....ဟားး...''
မင်းခန့်ညား ရှက်ရှက်နှင့်သာရယ်ရတော့သည်။
တစ်နှစ်အငှားစာချုပ်ချုပ်ကာ ပြေလည်သွားပြီး ဆေးခန်းစဆောက်ဖို့ လုံးပန်းရတော့သည်။ အောင်ကောင်းမြတ် အဆက်အသွယ်နဲ့ ဆောက်လုပ်ရေးအဖွဲ့ကို တစ်ခါတည်းချိတ်ဆက်ကာ ရေမီး အစုံရဖို့အရေးပါ ကြိုးစားရမည်။
.
.
.ခင်ခင်ခအိမ်မှာတော့ လူစုံလို့နေသည်။ ခင်ခင်ခ အဖေနဲ့အမေက နိုင်ငံခြားအလုပ်သွားနေတာများပြီး ငယ်ငယ်ကတည်းက အဒေါ်နဲ့နေတာ အကျင့်ဖြစ်၍နေပြီ။
ခခအိမ်မှာ စားသောက်ကြပြီး တဝုန်းဝုန်းပွဲကျနေကြသည်။
ခဏနေတော့ ရတနာက ဖောက်လာသည်။
" သော်သော်....ဂီတာပါတယ်မလား...
သီချင်းတစ်ပုဒ်လောက် ဆိုကြရအောင်...''
ВИ ЧИТАЄТЕ
နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )
Романтикаရွယ်တူ သူငယ်ချင်းနှစ်ယောက်က မွေးပေမယ့် အသက် ၁၂ နှစ်ကွာတဲ့ ကိုကိုနဲ့အူကြူးလေးတို့အကြောင်း