Uni
.
.ဒီနေ့ မင်းခန့်ညားတို့အိမ်ပြန်ရမည့်ရက်ဖြစ်သည်။ ကလေး ဘွဲ့ယူပြီးပြီးချင်း ပြန်လာမလို့ပေမယ့် ပါတီပွဲဆိုပြီး နေလိုက်ရာက တစ်ပတ်နေမှ ပြန်ရက်ရတော့သည်။ ပြန်ရောက်တော့ မေမေ ရယ် တီတီနွယ်ရယ် ဒေါ်ရီ နဲ့ ကိုထူးသာပါလာသည်။ ဖေဖေက အခုထိ သူ့ကိုစိတ်ဆိုးနေတုန်းမို့ဖြစ်မည်။ ကိစ္စမရှိ ကလေးလေးကို ချော့ခိုင်းရမည်။ သမီးရူး ဖေဖေက ကိုးချစ်စကားတစ်ခွန်းဆိုတာနဲ့ စိတ်ပြေပြီးသားဖြစ်လိမ့်မည်။
ကွန်ဒိုကို မပြန်ဖြစ်သေးဘဲ ဟိုဘက်အိမ် ဒီဘက်အိမ်လည်ရင်း တစ်ပတ်နေကြသည်။ ကွန်ဒိုပြန်ရောက်တော့ ထွဋ်ကြီးနဲ့ ကောင်းကြီးကို ခေါ်တွေ့ရသည်။ ကောင်းကြီးမိန်းမက ကိုယ်ပင် ၂၅ ပတ်ထဲရောက်နေပြီ။
ရဲထွဋ်ကိုက လက်ထပ်ပြီးလို့ ဩဇီပြောင်းတော့မှာပင်။
" ဟိုကောင် မယားပစ်။ မယားပူမိနေတာနဲ့ ငါ့မင်္ဂလာဆောင်တောင် မလာရဘူး ''
ထွဋ်ကြီးစကားကို ကျန်တဲ့သူတွေက ဝိုင်းရယ်ကြပေမယ့် သူ့ကလေးလေးက ရှက်ကာ မျက်နှာကို လက်နဲ့ကာထားတော့သည်။
" ထွဋ်ကြီး မင်းအပေါက်ပိတ်ထား ''
" အောင်မာ.... ငါပြောတာမဟုတ်လို့လား။ မယားက ပစ်သွားမှတော့ မယားပစ်ပေါ့ကွ ''
အောင်ကောင်းမြတ်ကတော့ သူ့ဇနီးက ကိုယ်ဝန်နဲ့ရော ကားမောင်းပြန်ရမှာရောမို့ သိပ်မသောက်။ ရဲထွဋ်ကိုကလည်း မူးယိုင်နေအောင် သောက်လို့မရ။ လူနာကြည့်ရမှာတွေရှိလို့ဟုဆိုသည်။
.
.
.ကလေးပြန်ရောက်လာတော့ သူ့သူငယ်ချင်းတွေက အုပ်လိုက်လာတွေ့ကြသည်။ အတူပါလာတဲ့ ကောင်းဝန်းရံခကို ကျေးဇူးတင်စကားဆိုတော့ မျက်လုံးတစ်ဖက်မှိတ်ပြ၏။
မင်းခန့်ညား အလုပ်တွေကို ပုံမှန်လည်ပတ်ရသည်။ ဆေးခန်းပြန်ဖွင့်ကာ သူပြန်ရောက်လာလို့ ဆက်သွယ်လာတဲ့ ဆေးရုံတွေမှာ ထိုင်ဖို့လက်ခံထား၏။ ကလေးကတော့ စာချုပ်အတိုင်း ဝန်းရံခတို့ကုမ္ပဏီမှာ တစ်နှစ်ပြည့်အောင် ဝန်ထမ်းလုပ်ရမည်။ အတွေ့အကြုံလိုနေတာနဲ့ အတော်ပဲ ဆိုပြီး ကလေးက ကျေနပ်နေတော့၏။
.
.
.
YOU ARE READING
နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )
Romanceရွယ်တူ သူငယ်ချင်းနှစ်ယောက်က မွေးပေမယ့် အသက် ၁၂ နှစ်ကွာတဲ့ ကိုကိုနဲ့အူကြူးလေးတို့အကြောင်း