Uni
" ကိုးချစ်..''
ကိုးချစ် မျက်နှာသစ်ပြီး မနက်စာစားဖို့ ဆင်းလာတော့ ကိုကိုခန့်က အောက်ထပ်မှာ စောင့်ကြိုနေသည်။
ကိုးချစ် မျက်မှောင်ကုတ်ကာ နှုတ်ခမ်းဆူလိုက်သည်။ နေမကောင်းဖြစ်လို့ သွားပြုစုပေးမိပါတယ်.. နလန်ထူတာနဲ့ ကိုးချစ်ကို ကျားချောင်းချောင်းနေတာ...
တစ်နေ့တစ်မျိုး မုန့်တွေဝယ်လာပြီး ခွံ့ကျွေးတတ်သေးသည်။ ဒီအရွယ်ကြီးကျမှ နောက်ပိုးလုပ်နေတဲ့ မင်းခန့်ညား ပါပေ...
အခုလည်း မနကအစောကြီး လာစောင့်ပြန်ပြီ...
ကေ ကို ချောနေအောင် သ ထားပြီး တစ်မိုင်လောက်အကွာကနေ ရေမွှေးနံ့ရတာမို့ ကိုးချစ်နှာခေါင်းရှုံ့လိုက်သည်။" မွှန်ထူနေတာပဲ ရေမွှေးက ပုလင်းလိုက် မှောက်ကျလာတာလား
ဆပ်ပြာနဲ့ မှားတိုက်လာတာလား...''" ညည်းနော်.....မနက် ၆ နာရီကတည်းက ရေချိုး အလှပြင်လာရတာ... ''
နုနုဖတ်ဖတ်လေးကို ချစ်မိမှတော့ သူလည်း နုဖတ်နေမှဖြစ်မည်လေ....
" နွားအို မြက်နုကြိုက်.... ''
" ဘာ...ညည်း.. အသက်ကိုလာမထိနဲ့ပြောထားတယ်နော်...
Age is just a number တဲ့..... ''ကြည့်..... သူ့ထိရင် နည်းနည်းမှကို မခံတာ စွာချက်တော့....
" ဟော...သမီး နိုးပြီလား ကိုကိုခန့်က စောင့်နေတာ မနက်စာသွားစားမလို့တဲ့...''
" ဟာ...တော်ပါပြီ..အိမ်မှာပဲစားမှာ...''
ဒီလူအိုကြီးက စိတ်မှန်တာမဟုတ်...နှစ်ယောက်တည်းမသွားရဲပါ..
" အာ...ကိုကိုခန့်က တမင်လာခေါ်တာ မုန့်တီဆိုင် အသစ်ဖွင့်တာ သွားစားကြမယ်လေ..တီတီနွယ် ပြောဦး.. သားနဲ့ဆို ဘယ်မှမသွားချင်ဘူး ကိုးချစ်က ''
ကိုကိုခန့်က မျက်နှာငယ်နဲ့ပြောတော့ မေမေက မနေနိုင် ...
ကိုးချစ်ကို လိုက်ဖို့ရာ တိုက်တွန်းတော့သည်။နောက်ဆုံးတော့ ကိုးချစ်က မျက်စောင်းတထိုးထိုးနဲ့ ကားပေါ်ပါလာတာမို့ မင်းခန့်ညား စိတ်ကျေနပ်ရသည်။
JE LEEST
နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )
Romantiekရွယ်တူ သူငယ်ချင်းနှစ်ယောက်က မွေးပေမယ့် အသက် ၁၂ နှစ်ကွာတဲ့ ကိုကိုနဲ့အူကြူးလေးတို့အကြောင်း