အပိုင်း - ၃၅

7.9K 199 22
                                    

Uni

.
.

မင်းခန့်ညား ဖလမ်းကိုရောက်တာ တစ်လကျော်ပြီဖြစ်သည်။

မေမေ့ကို စီမံကိန်းရှိလို့ဟုသာပြောခဲ့ပေမယ့် တကယ်တော့ ဘာစီမံကိန်းမှ မဟုတ်.... ကိုးချစ်နှုတ်ကနေ သူ့ကိုမဟုတ်ဘဲ ကောင်းဝန်းရံခ ကို ပဲ ချစ်တယ် ဆိုသည့်စကားကို မကြားရဲလို့ ရှောင်ပြေးလာခဲ့တာပင်....

ကလေးလေးမှာ သူထွက်လာတဲ့နေ့က ငိုယိုပြီး မေ့လဲကာ သုံးရက်ဆက်တိုက် အဖျားမကျဘူးဆိုတာကြောင့် ပြန်တော့မလို့ စိတ်ကူးလိုက်သေးသည်။

ဖုန်းကဒ်ကိုလည်း ပြောင်းလိုက်ပြီး ဆိုရှယ်မီဒီယာအကောင့်တွေအကုန်လုံးကို ဖျက်ချ​ပြီး မသုံးဘဲနေလိုက်တာမို့ ကလေးအသံလေးကိုပင်မကြားရဘဲ အလွမ်းဒဏ်ကို အလူးအလဲခံရသည်။

ဒီမှာပဲ အိမ်ခပ်သေးသေးတစ်လုံးငှားထားပြီး ဆေးခန်းလည်းမဖွင့်ဖြစ်....

မေမေ့ကိုတောင် ရောက်ကာစ တစ်ခါပဲ ဆက်သွယ်ရသေးကာ ကိုးချစ်ကို ဘာမှ မပြောဖို့ ပြောထားသည်။ မေမေကတော့ ဘာလို့မပြောရမှာလဲ ဆိုပြီး ရစ်နေပြီး ကလေးကို ပစ်ထားခဲ့လို့ဟုဆိုကာ ဆူငေါက်နေသည်။

" မင်း ဘာကိစ္စ ကလေးကို မပြောသွားတုန်း..ငါကပြောသွားတယ် အောက်မေ့လို့.. ငိုပြီး မေ့လဲတာ... ဖျားတာလည်း သုံးရက်တောင် မင်းကိုချည်း တ နေတာ...''

" ပြီးရင် ပြန်လာမှာပါ မေမေရယ်...ဒီမှာက အရမ်းအလုပ်များလို့ အဆက်အသွယ်လုပ်နိုင်မှာ မဟုတ်ဘူး...ကလေးကို ဘာမှ သွားပြောမနေနဲ့နော်....''

" ကလေးက မင်းကို လွမ်းနေတာ... ဘယ်တော့ ပြီးမှာလဲ..''

" မပြီးသေးဘူး မေမေ... ခြောက်လလောက်တော့ အနည်းဆုံးဖြစ်လောက်တယ်...ကလေးကို ဘာမှ သွားမပြောနဲ့နော်... ရုံးကလူတွေ ထမင်းစားခေါ်နေလို့ သွားလိုက်ဦးမယ်...''

ပြောပြီး ဖုန်းချကာ ဖုန်းကိုသာ တွေတွေကြီးစိုက်ကြည့်နေမိသည်။ သုံးရက်လောက် အခန်းပိတ်ကာ ငိုနေမိတာမို့ မေ့လဲသွားသည်။

ကံကောင်းထောက်မစွာဖြင့် အိမ်ရှင်အဖွားက နေမကောင်းလို့ ဆေးလေးလာတောင်းရင်း အထဲကို ခေါ်မရတာကြောင့် အော်ဟစ်အကူအညီ​တောင်းကာ တံခါးဖျက်ဖွင့်ပြီး ခြေဆုပ်လက်နယ်လုပ်ပေးကြမှ သတိပြန်လည်လာသည်။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now