အပိုင်း - ၁၂ ( Uni + Zawgyi)

8.4K 224 10
                                    

Uni

.
.
.

ဘာလိုလိုနဲ့ ခန့်ညားပင် အသက် ၂၇ ထဲရောက်လာပြီဖြစ်သည်။ ဘွဲ့ရပြီး မင်းခန့်ညား နှင့် ကြင်နာဦးက ဆေးရုံကြီးမှာ တာဝန်ကျသော်လည်း ရဲထွဋ်ကို က နယ်ဆေးရုံမှာ တာဝန်ကျသည်။

' တူ.....တူ.....တူ...'

ခန့်ညား ဝပ်ထဲကပြန်လာပြီး နားနေခန်းထဲဝင်နေတုန်း ဖုန်းကမြည်လာလို့ ကြည့်လိုက်တော့ ထွဋ်ကြီးဖြစ်လေသည်။

' ဟယ်လို..'

' အေး..ကောင်ကြီး..အဆင်တွေပြေနေပလား..'

' အေးကွ....ကြိုးစားနေရတုန်း '

' မင်းက ဘွဲ့လွန်တက်ဖို့ UK သွားမှာဆို ကျောင်းဝင်ခွင့်ကရပြီလား '

' အေး...နီးစပ်နေပြီကွ...စာပြန်ကျက်နေရတာ ငါ့ဘဝလည်း '

' အေး.... အေး..'

ထွေရာလေးပါးပြောပြီး ဖုန်းချသွားလေသည်။ ခန့်ညားက ဘွဲ့လွန်ကို UK မှာ သွားတက်ဖို့ ပြင်ဆင်နေတာဖြစ်၏။ အကုန်အဆင်ပြေနေသော်လည်း အဆင်မပြေတာ တစ်ခုရှိသည်။ ထိုအရာကား........

.
.
.
ကြင်နာဦး..... ဟုတ်သည်။ ငွေဆောင်က ကိစ္စပြီးကတည်းက ကြင်နာဦးက ခန့်ညားကို တမောင်တည်း မောင်နေတော့သည်။ ပြောလို့လည်း မရ.... ဖြတ်လို့လည်း မရ...အတင်းကိုတွယ်ကပ်နေသည်။
ကျောင်းမှာကတည်းက အတင်းတွယ်ကပ်နေတာမှန်း သိတဲ့သူတွေ သိကြသော်လည်း မသိသည့်သူများကတော့ မင်းခန့်ညား က ရည်းစားကို မချစ်ဘူး.....ကောင်မလေးအပေါ်နိုင်စားသည်...ဟု နာမည်ဆိုးထွက်ရသည်။

' မောင် '

နားနေခန်းဝ က အသံကြောင့် ခန့်ညားစိတ်ညစ်သွားရ၏။

' ကြင်နာဦး နင် ငါ့ကို အဲလို လာလာမလုပ်စမ်းနဲ့ဟာ...ငွေဆောင်က ကိစ္စက နင့်ဟာနင် ငါ့ကို လာနမ်းတာလေ ဒုက္ခပဲဟာ ငါနဲ့ ခပ်ခွာခွာနေစမ်းပါ '

' နင်ပဲ ငါ့ကို တွဲရအောင်ဆိုပြီး ပြောတာလေ....'

' ဟ....လူကြားထဲ နင်က လာပြောလို့မို့ နင်အရှက်ကွဲမှာစိုးလို့ ကြည့်ကောင်းအောင် ပြန်ဖြေရတာလေ နင် သွားစမ်းပါဟာ '

ဆေးရုံမှာလည်း ခန့်ညားကို သူနာပြုဆရာမတွေနဲ့ သဝန်တိုပြတာလိုလို လူတွေရှေ့ဆို နှုတ်ခမ်းဆူ စိတ်ကောက်ပြတာလိုလိုတွေ အထင်မလွဲ လွဲအောင်လုပ်ပြတာကြောင့် တကယ် သမီးရည်းစားတွေထင်နေကြသည်။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Όπου ζουν οι ιστορίες. Ανακάλυψε τώρα