Part-2

4.3K 251 2
                                    

Unicode

ရှောင်ကျန့်မှတ်မိသလောက် ဖွားဖွားရဲ့မွေးစားသား လေးလေးယဲ့ချန်းက ဖွားဖွားသဘောမတူတဲ့သူနဲ့ယူလို့ ဖွားဖွားကအဆက်ဖြတ်ထားခဲ့တာ။

တနေ့ လေးလေးတို့မိသားစုနဲ့အကြောင်းသိသူငယ်ချင်းဆိုသူ လူကြီးတစ်ယောက်က ကလေးတစ်ယောက်နဲ့အတူအိမ်ပေါ်ရောက်လာခဲ့သည်။

"အားရီ ယဲ့ချန်းကအားရီတို့အကြောင်းအမြဲတမ်းပြောပြတယ် အားရီကိုသူ့သားလေးနဲ့အမြဲပေးတွေ့ချင်ခဲ့တာ အခုသူ့ဆန္ဒအတိုင်း သူ့သားလေးကို အားရီတို့ဆီအပ်ပါရစေ.."

ထိုလူကြီးစကားအရ ပေါက်စလေးက လေးလေးသားတဲ့ လေးလေးတို့မရှိတော့လို့ ဒီအိမ်ကိုလာပို့တာတဲ့..

"လာပါဦးသားရယ် မေမေကြည့်ပါဦး အကိုယဲ့နဲ့တစ်ပုံစံတည်းပဲ နာမည်ဘယ်လိုခေါ်လဲသား "

"ဝမ်ရိပေါ် "

"အိုး.. အကိုယဲ့က ဝမ်မျိုးရိုးပေးထားတာပဲ "

မေမေပြောတော့ ဖွားဖွားကမျက်ရည်သုပ်ကာ..
"အင်း...မေမေ့ရဲ့ အတ္တတွေကြောင့် ငါ့သားရဲ့နောက်ဆုံးအချိန်ကိုတောင်မတွေ့လိုက်ရဘူး ဟင့် သားရေ.. သားရဲ့ကလေး မေမေ့မြေးကို စိတ်ချသွားပါ မေမေစောင့်ရှောက်ပါမယ် "

နောက်ဆုံးတော့ ဝမ်ရိပေါ်ဆိုတဲ့ပေါက်စက ရှောင်ကျန့်နဲ့မျိုးရိုးမတူ သွေးမတော်သားမစပ်တဲ့ ညီဖြစ်သွားတော့သည်။ ဖွားဖွားနဲ့မာမားက အဲကလေးလေးကိုချီပြီး အနမ်းပေးတိုင်း ရှောင်ကျန့်ရင်ထဲ ကလေးကိုချစ်တဲ့စိတ်ပျောက်ပျောက်သွားတာကိုတော့ သူတစ်ယောက်ထဲသာသိသည်။

အချစ်တွေခွဲပေးရတာကို သူမလိုချင်....

တနေ့ရိပေါ်အပြင်းဖျားပြီး သူ့အမေကိုတကာ ယောင်နေသည်မို့ မာမားကဂရုစိုက်ပြုစုပေးခဲ့ရပီး မားလို့ပဲခေါ်ခိုင်းခဲ့သည်. ပါပါးကလဲ လက်ခံပေးခဲ့သည်။

ထိုနေ့မှစပြီး ဝမ်ရိပေါ်ဆိုတာ ရှောင်ကျန့်အတွက် အမုန်းစာရင်းဝင်ဖြစ်သွားခဲ့သည်။ ရှောင်ကျန့်ရဲ့နူးညံ့တဲ့စိတ်တွေပြောင်းလဲမှန်းမသိပြောင်းသွားခဲ့သည်။

Canadaကိုကျောင်းသွားတက်တော့ ထိုလူသားအကြောင်းကိုမေ့ပျောက်သွားသည်အထိ သတင်းလုံးဝမမေးခဲ့....

Game Of LifeWhere stories live. Discover now