24

2K 138 12
                                    

Unicode

.....တောက်.....

တစ်ဖက်အခန်းမှ ဒေါသတကြီး တောက်ခေါက်သံကြောင့် သန့်ရှင်းရေးလုပ်နေတဲ့ကောင်မလေး၂ယောက် တစ်ယောက်ကိုတစ်ယောက် မျက်စပစ်ကာ ကြည့်လိုက်မိသည်။

''ဟဲ့...အမချင်းချင်းမလား ပြန်ရောက်နေတာလား "

" ကားသံတော့ကြားလိုက်တယ်.. ဒါနဲ့ အိမ်တော်ထိန်းကြီးမနက်ကလိုက်မှာနေတာကြားတယ်မလား အိမ်ကြီးရှင်တွေရာသီဥတုအခြေနေမကောင်းလို့ ကိုယ့်အလုပ်ကိုသာ အေးဆေးလုပ်ကြ ဘာမှမစပ်စုနဲ့တဲ့လေ "

''ဟင်း...မမကြီးတို့ကိစ္စဖြစ်ပြီး အကိုလေးတို့၂ယောက်ကြောင့် အိမ်ကြီးသာသာယာယာပြန်ဖြစ်တာမကြာသေးဘူး အခုဘာတွေထပ်ဖြစ်ပြန်ပီလဲမသိဘူး"

"ဒါနဲ့ နင်သတိထားမိလား အမချင်းချင်းက အကိုလေးရိပေါ်ကိုဆက်ဆံတာတမျိုးပဲနော် "

"အင်း... သိတယ် ရှူးတိုးတိုး ကိုယ့်ကိစ္စမဟုတ်ပဲဝင်မပါတာအကောင်းဆုံးပဲ''

''အင်း..."

........

" ရိပေါ်ကောကော ငါ့ကိုထားခဲ့ပြီး ရှောင်ကျန့်နောက်လိုက်သွားတယ်ပေါ့လေ "

တောက်.....

"အမားတို့ကလဲ လက်ထပ်ဖို့ဘာလို့များအချိန်အများကြီးပေးလိုက်ရတာလဲ အမှန်ဆို ဒီနှစ်အတွင်းတောင်းရမ်းလက်ထပ်ပေးပါလို့ပြောရမှာလေ..."

"ကျစ်...အချိန်တွေကြာလာတာနဲ့.သဲထဲရေသွန်ဖြစ်ကုန်ရင်ဘယ်လိုလုပ်မလဲ "

ဒေါက် ဒေါက်....

ချင်းချင်းတစ်ယောက် အခန်းထဲရောက်ပြီး တစ်ယောက်ထဲပေါက်ကွဲနေတုန်း တံခါးခေါက်သံကြားလိုက်၍ မျက်နှာအခြေနေပြောင်းကာ တံခါးဖွင့်ပေးလိုက်တော့....

"အန်တီရှောင် "

"ချင်းချင်း အန်တီနဲ့စကားခဏပြောရအောင် "

"ဟုတ် ဝင်ပါ အန်တီ "

အခန်းထဲကစားပွဲပေါ်မှာထိုင်လိုက်ကြပြီ... ရှောင်မားကပဲစကားစကာ

"သားကျန့်က ရိပေါ်လေးအတွက်ဘယ်လိုဖြစ်တည်မှုမျိုးလို့သမီးထင်လဲ "

Game Of LifeWhere stories live. Discover now