27

2.4K 152 13
                                    

Unicode

ရုတ်တရက် ရိပေါ်ထရပ်ကာ...

"မင်းမရှိရင် ငါသေသွားနိုင်တယ် နောက်ထပ်ဘာအတွက်ကြောင့်နဲ့မှထွက်မသွားပါနဲ့ ''

"....''

''ရှောင်ကျန့် ငါပြောနေတာကြားလား...
တကယ်လို့မင်းထွက်သွားမယ်ဆိုရင် ငါ့ကိုသတ်ပီးမှသွား..."

"......"

"ကြားလားလို့ ''

ထိုင်​နေတဲ့ရှောင်ကျန့်အပေါ်အုပ်မိုးကာ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီးပြောနေတဲ့ရိပေါ်ပုံစံက တရားလိုနဲ့တရားခံမှားနေသလိုပဲ...

ရှောင်ကျန့် ထရပ်လိုက်ပြီး...

"ဝမ်ရိပေါ်... မင်းငါ့ကိုလာအော်နေတာလား သွား မင်းပြန်တော့ သူကလဲအမှားလုပ်သေးတယ် လာအော်နေတယ် "

ရှောင်ကျန့်ပြောတော့မှ ရိပေါ်မျက်လွှာလေးချကာ..

"မ...မအော်ပါဘူး...
ကိုယ်စိတ်လောသွားတယ် တောင်းပန်ပါတယ် "

"ပြောလိုက်ရင် တောင်းပန်ပါတယ် တောင်းပန်ပါတယ်နဲ့ မလိုချင်ဘူး အေးဆေးနေချင်လို့ထွက်လာတာ ၂ရက်တောင်မပြည့်ဘူးရအောင်လိုက်ရှာပြီး ရောက်လာတယ် "

"အဲဒါက ​ကော...ကိုယ့်ဆီ ပြန်မလာစိုးရိမ်လို့"

"ကျစ်...ငါက မိဘ.ဖွား.အလုပ်နဲ့ ယောက်ျားကို ထားခဲ့ရလောက်အောင် အသဲမာတဲ့သူမဟုတ်ဘူး "

ယောကျ်ားဆိုတဲ့အခေါ်လေးကို တိုးတိုးလေးပြောပေမဲ့ ရိပေါ်သေချာပေါက်ကြားမှာပင်...

ရိပေါ်ရှောင်ကျန့်ကို ဆွဲ​ဖက်လိုက်မိသည်။
ရှောင်ကျန့်အတင်းရုန်းနေပေမဲ့ မလွှတ်စတမ်းတင်းတင်းကြပ်ကြပ်ဖက်ထားသည်။

ခဏကြာတော့ ပြန်လည်ပွေ့ဖက်လာတာကြောင့်
ရိပေါ် မျက်ရည်တွေနဲ့ ပြုံးလိုက်မိတော့သည်။

"ဝမ်လေး ကောကို သစ္စာမဖောက်ဘူးဆိုတာယုံကြည်ပါတယ်...အခြေနေတွေကရှုပ်ထွေးနေပေမဲ့ ကောတို့အတူဖြေရှင်းကြမယ်နော် ''

"အင်း..."

ထိုပုံရိပ်ကို အိမ်ထဲမှလှမ်းမြင်လိုက်ရတဲ့ သားအဖ၂ယောက်ကတော့ ထူးဆန်းနေလျက်...

Game Of LifeWhere stories live. Discover now