26

2.3K 155 10
                                    

Unicode
"အကိုလေး...အဲ ဦးလေးက တစ်ခါတစ်လ ဒီဘတ်စ်ကိုစီးပေမဲ့ဒီကတော့မဟုတ်ဘူး ဂိတ်မှာဆင်းပြီး အနောက်ဘက်ကဂိတ်ကိုသွားတယ်လို့သိရတယ် ဘယ်ကားစီးလဲအတိကျမသိရဘူး "

"အင်း...သူပြောတဲ့ ဂိတ်ဘက်သွားကြည့်မယ် ကားဘယ်နှစီးရှိလဲ ဘယ်တွေကိုသွားလဲ စုံစမ်း... ပြီးတော့ အနီးနားမှာရှိတဲ့ ဆိုင်တွေကိုပါလိုက်မေး."

"ဟုတ်ကဲ့ "

ရိပေါ်တို့ကား၂စီးတနေရာမှာရပ်ထားပြီး ပါလာတဲ့လူတွေအကုန် တနေရာစီသွားစုံစမ်းနေတုန်း ရိပေါ်က အနီးပတ်ဝန်ကျင်ကို စူးစမ်းလိုက်သည်....

ဂိတ်နဲ့မနီးမဝေးမှာ စျေးတခုရှိပြီး လမ်းတစ်ဖက်မှာ ဆေးဆိုင်တစ်ခုကိုတွေ့လိုက်ရသည်။

ရိပေါ်အတွေးထဲ ဖန်ကွဲစရှထားပုံရတယ်ဆိုတဲ့ပါးစကားနဲ့အတူ ဘတ်စ်ကားပေါ်တက်တော့ထော့နဲ့နေတဲ့ ရှောင်ကျန့်ခြေထောက်ကို သတိရလိုက်ပြီး...ဆေးဆိုင်ကိုပြေးသွားလိုက်သည်။

တင်း... !!!!
ဘဲလ်သံမြည်သွားသည်နှင့် ကောင်တာမှာထိုင်နေတဲ့ဆိုင်ရှင်က လှမ်းကြည့်လာသည်မို့...

"ဒီဆိုင် ပတ်ဝန်းကျင်မှာ... CCTV တတ်ထားလား "

အစမရှိအဆုံးမရှိ သူ့စကားကြောင့် ဆိုင်ရှင်ကြောင်ကြည့်နေပီးမှ...
"ဟို...ဆိုင် ဆိုင်ထဲမှာတော့ရှိပါတယ် ဘာ ဘာဖြစ်လို့လဲ "

"အော့ လန့်သွားရင် တောင်းပန်ပါတယ် ကျွန်တော်လူတစ်ယောက်လိုက်ရှာနေတာပါ ဒီကိုလာသွားနိုင်ချေရှိလို့ ကျေးဇူးပြုပြီး cctvမှတ်တမ်းပြပေးလို့ရမလား "

"ရပါတယ် "

ရိပေါ်ရှင်းပြလိုက်တော့ ဆိုင်ရှင်က သူ့ကောင်တာပေါ်က CCTVမှတ်တမ်းကိုဖွင့်ပေးလိုက်သည်...

ရိပေါ်လဲ ဆေးလာဝယ်သမျှလူတိုင်းလိုက်ကြည့်ပြီး တနေရာအရောက်မှာတော့.ရပ်ထားလိုက်သည်...

*တွေ့ပီ....ရှောင်ကျန့်ဒီကိုလာသွားတယ် အသေချာပဲ ဦလေးကိုလိုက်ရှာနေမိပေမဲ့ မသေချာမှုက၅၀%ရှိနေခဲ့တာ အခုတော့ ၉၀% သေချာသွားခဲ့ပီ *

cctv ထဲကရှောင်ကျန့် ပုံလေးကိုကြည့်ပြီး ရိပေါ်ရင်ထဲဆ်ိုနစ်သွားကာ သူမသိလိုက်ခင်ပဲမျက်ရည်ကျလာတော့သည်...
*ဖိနပ်အပြင်ထိသွေးအနည်းငယ်စိမ့်ထားပုံအရ ဒဏ်ရာအနည်းငယ်ကြီးလောက်မယ်ထင်တယ် ကောရယ် ဘယ်လောက်တောင်နာကျင်နေလိုက်မလဲ....*

Game Of LifeWhere stories live. Discover now