28

2.6K 153 6
                                    

Unicode

....ဟူး....

ရှောင်ကျန့် သူ့ရှေ့ထိုင်ရက်လဲကျသွားတဲ့ ချင်းချင်းကိုကြည့်ပီး သက်ပြင်းချလိုက်မိသည်....

"ငါတို့မိသားစု မင်းအပေါ်ဘယ်လိုဆက်ဆံခဲ့လဲ ငါနဲ့ရိပေါ်ကရော မင်းကိုဘယ်လိုဆက်ဆံခဲ့လဲ ပြန်တွေးကြည့်လိုက်... "

"ဟင့်...ဟင့် "

"ဝမ်ရိပေါ်..."

ရှောင်ကျန့်အသံမာမာနဲ့ ရိပေါ်ဘက်လှည့်ကာ အော်လိုက်တော့ ရိပေါ်ခေါင်းငုံ့ထားမိသည်။

*အခုထိ ကောနဲ့ခွဲရတော့မလားဆိုတဲ့ စိုးရိမ်စိတ်ကမပြေသေး *

"မင်းလောက်ဉာဏ်များတာမင်းပဲရှိခဲ့တာ အခုမှဘယ်လိုဖြစ်ပြီး...ကျစ် မင်းဦးနောက်က နဲနဲလေးမှမစဥ်းစားမိဘူးလားဟမ်"

"ဘာကိုစဥ်းစား ရမှာလဲ ကောရုတ်တရက်ကြီးထွက်သွားလို့ လိုက်ရှာဖို့ပဲ..."

"ကျစ် ပြောလိုက်ရင် ငါ့ကြောင့်... ကဲ ချင်းချင်း မင်းဘယ်လိုဆက်သင့်တယ်ထင်လဲ "

"ဟင့် ချင်းချင်းသိပါပီ... ချင်းချင်းတောင်းပန်ပါတယ် အားလုံးချင်းချင်းအမှားတွေပါ ရိပေါ်ကောကော ချင်းချင်းအခွင့်ကောင်းယူခဲ့မိပါတယ် ခွင့်လွှတ်ပါ ရိပေါ်ကောကောမမှားခဲ့ပါဘူး ချင်းချင်းကသာ ကောကောကိုချစ်လို့ပိုင်ဆိုင်ချင်မိလို့ ကြံ...ကြံလိုက်မိတာပါ  "

"ဘာ..."

ချင်းချင်းစကားကို အံ့သြသွားသူက ရိပေါ်တစ်ယောက်ထဲသာ...

ရိပေါ် ကောနဲ့ ပါးမားကိုကြည့်လိုက်တော့ ငါတို့ကတွေးမိပီးသားဆိုပြီး ပြောနေကြသလိုပင်...

"နေဦး ဒါ ဒါဆို မင်းနဲ့ငါ... မမှားခဲ့ဘူးပေါ့ ဟုတ်လား "

"ဟုတ်...ဟုတ်ပါတယ် "

"တောက်..."

" ဝမ်လေး " "ရိပေါ်..."

ရိပေါ် ချင်းချင်းကို မိန်းခလေးဆိုတာမေ့သွားခဲ့ပြီး သူ့ကြောင့်ဆိုတဲ့စိတ်နဲ့ ဆွဲထိုးဖို့လက်နဲ့ရွယ်လိုက်မိသည်။

"မင်း...မင်းကြောင့် ကောထွက်သွားတာ "

"တော်တော့ ဝမ်လေး ချင်းချင်းသူ့အမှားကိုသူတာဝန်ယူလိမ့်မယ်."

Game Of LifeWhere stories live. Discover now