15

2.2K 143 8
                                    

Unicode
"လာ လာ သမီးချင်းချင်း "

"ဟုတ်ကဲ့ အန်တီ "
ဒူးအောက်မကျတကျပန်းရောင်လက် ပြတ်ဂါဝန်လေးကို လေဒီရှူးအပါးလေးနဲ့တွဲဖက်ဝတ်ဆင်ထားပြီး ဂုတ်ဝဲဆံပင်လေးကိုနားရွက်တစ်ဖက်ကလစ်ကလေးညှပ်ထားတဲ့ကောင်မလေးတစ်ယောက်...

နာမည်ကယန်ချင်းချင်း..

ချင်းချင်းအိမ်ကိုတစ်မေ့တစ်မော့ကြည့်ရင်း အန်တီရှောင်းခေါ်ရာနောက်လိုက်ရတော့သည်...
*ဒီအိမ်ကြီးမှာနေရမှာတဲ့လား..အမလေးရုပ်ရှင်ထဲကလိုပဲ တံခါးအကြီးကြီးနဲ့ ကြမ်းခင်းကလဲငါ့ကိုယ်ငါတောင်ပြန်မြင်နေရတယ်  လှေကားကြီးကလဲအကြီးကြီးပဲ ဝါး..ဒီအိမ်ကြီးမှာငါနေရမှာတဲ့လား *

"ထိုင်နေဦးနော် သမီး အန်တီ သမီးဖွားဖွားကိုသွားခေါ်လိုက်ဦးမယ်...မားရေ...ဒီမှာမားဧည့်သည်လေးရောက်နေပီ.."

"အိမ်ကြီးကရှယ်ပဲ ကူးစူးကဟာတွေသိအောင်လှမ်းကြွားရဦးမယ် "

"ချင်းချင်း ရောက်လာပီလား "

"ဟုတ်ကဲ့  ဖွားဖွား နေကောင်းတယ်နော်"

"ကောင်းပါတယ်ကွယ်..."

"မား...သမီးဆိုင်သွားဦးမယ် ချင်းချင်း ကိုယ့်အိမ်လိုသဘောထားနော် အာမနာနဲ့နော် အန်တီအလုပ်လေးရှိလို့သွားရဦးမယ် "

"ဟုတ်ကဲ့ အန်တီ "

"ချင်းချင်းနေဖို့ အဖွားအခန်းစီစဥ်ခိုင်းထားတယ် ခရီးပန်းလာတော့ နောက်မှအေးဆေးစကားပြောကြတာပေါ့ အရင်သွားနားလိုက် ဟုတ်ပီလား.. "

"ဟုတ် ဖွားဖွား "

အိမ်တော်ထိန်းအန်တီကြီးနောက် အသာလိုက်ရင်း အိမ်ကြီးပတ်ပတ်လည်ကို မျက်စိကစားလိုက်မိသည်...
ဒုတိယထပ်ဧည့်သည်ခန်းကိုရောက်တော့ အန်တီကြီးက ရေချိုးခန်း.အိမ်သာနဲ့အသုံးဆောင်တွေကို လိုက်ပြရင်းသင်ပေးတော့သည်...

ခေတ်မှီအသုံးဆောင်တွေမို့ ပါးစပ်မစိနိုင်လောက်အောင် အံ့သြနေမိပေမဲ့ သင်လွယ်တတ်လွယ်အရွယ်မို့ အခက်ခဲသိပ်မရှိ....

အနားယူပါလို့ပြောပြီး အန်တီကြီးထွက်သွားတော့ ချင်းချင်း အိပ်ယာဘေးကလိုက်ကာကိုဖွင့်ပြီး ဝရံဒါလေးဘက်ကိုထွက်ကြည့်လိုက်သည်...

Game Of LifeWhere stories live. Discover now