18

1.9K 133 2
                                    

Unicode
"ဟင်းအင်း မချစ်တတ်ဘူး.. "

"မဟုတ်သေးဘူးလေဝမ်လေးရဲ့ "

"ကောကိုတောင်ချစ်လို့မဝတာ ပြီးတော့ သေးသေးလေးတွေအသဲယားတယ်မချစ်တတ်ဘူး "

"အိမ်တစ်အိမ်မှာက ကလေးလေးတွေကဆည်းလည်းပဲတဲ့ သူတို့လေးတွေရှိနေတော့အိမ်ပိုစည်တာပေါ့ "

"အင်း...ကောကလိုချင်လို့လား "

"အင်း ဝမ်လေးရဲ့သွေးသားတွေလိုချင်တယ် ပျိုးထောင်ပေးချင်တယ် "

ရိပေါ်ရှောင်ကျန့်ကိုငေးနေမိသည်... သူ့အပြုံးတွေကအသက်ဝင်လွန်းလှသည် ကောသိပ်ပျော်နေတာမှန်းလို့ရသည်...

"ကော.."

"ဟင်...အင်း ပြောလေ "

"ကောဖြစ်ချင်တာ လုပ်ချင်တာ အားလုံးလုပ်လို့ရတယ် ကောဆန္ဒက ကိုယ်ဆန္ဒပဲ"

"တကယ်လား ဝမ်လေး"

"တကယ်ပေါ့ ဒါပေမဲ့တခုရှိတယ် "

ဘာလဲဆိုသည့်အထာနဲ့ငေးကြည့်နေတဲ့ ရှောင်ကျန့်နှာခေါင်းလေးကိုဖွဖွလေးညှပ်ဆွဲရင်း...
'' ကိုယ်တို့မိဘတွေဖြစ်ဖို့အဆင်သင့်ဖြစ်ပြီဆိုမှ သူတို့လေးတွေကိုအပြည့်ဝတာဝန်ယူနိုင်ပြီဆိုမှ ယူကြမယ် အခုလိုအရူး၂ယောက်ပြောတာတွေကိုအလောတကြီး
လိုက်မလုပ်ဖို့လိုတယ် ရလာဒ်ကပစ္စည်းတခုမဟုတ်ဘူး ဖြစ်တည်လာမဲ့အသွေးသားနဲ့လူသားလေး "

"ဝမ် ဝမ်လေးသိနေတာလား "

"ရုံးခန်းထဲ CCTVကအလကားတပ်ထားတယ်ထင်လို့လား အသက်ကလေးရဲ့..."

"ဟုတ်သားပဲ ဒါဆို ကောပြောတာတွေအကုန်ကြားတယ်ပေါ့"

"အင်းကြားတယ် ကောစိတ်မချစရာအကြောင်းသေးသေးလေးတောင် ကိုယ်မလုပ်တာမို့ ကိုယ့်ကိုယုံကြည်ပေးပါ "

"အင်း ကောယုံပါတယ် "

"ကဲ ယုံရင်လဲ အိမ်ဖို့လုပ်ရအောင်.."
အလုပ်လုပ်နေတဲ့ laptopတွေဖုန်းတွေကို စားပွဲပေါ်တင်ပြီး ကိုယ်ပေါ်အုပ်မိုးခံလိုက်ရတာကြောင့် ရှောင်ကျန့်စောင်လေးဆွဲကိုင်လိုက်မိသည်...

"အိမ်မယ်ဆို "

"အင်းလေ အိပ်ဖို့..လုပ်ရအောင်လို့"

Game Of LifeWhere stories live. Discover now