Xiao's part

2.5K 120 3
                                    

နတ်ကွန်းကိုရောက်တာနဲ့ စိတ်ထဲရှုပ်ထွေးနေတာတွေ အကုန်ယူပစ်သလို လွင့်စင်သွားတော့သည်။

ရှောင်ကျန့် နတ်ကွန်းရဲ့အရိပ်မှာခိုလှုံအနားယူရင်း...

*ရိပေါ်...အာကီတိုကပြောတယ် ဒီနတ်ကွန်းက ဆုတောင်းပြည့်တယ်တဲ့

ကောရဲ့ဆုတောင်းတွေကိုရော ဖြည့်ဆည်းပေးပါ့မလားမသိပေမဲ့ ဆုတောင်းလိုက်မိတယ်...*

​ရှောင်ကျန့်ဆုတောင်းတွေအားလုံးရဲ့ အရင်းခံက ရိပေါ်ဆိုတဲ့လူသားတစ်ဦးသာ...

* ရိပေါ်သိလား ဒီနတ်ကွန်းကဘယ်လောက်ပဲ ဆုတောင်းပြည့်ပါစေ...ရိပေါ်အတွက်ပြီးပြည့်စုံတဲ့မိသားစုလေးကို ကောကိုယ်တိုင် ဖန်တီးပေးချင်တဲ့ ဆုတောင်းတော့ပြည့်မယ်မထင်ဘူး

ကောကယောက်ျားလေးတစ်ယောက်ဖြစ်နေသ၍ ပေါ့...

ဒါပေမဲ့ကောဆုတောင်းခဲ့မိတယ်...*

သိတယ်မလား လူတွေကမဖြစ်နိုင်တာဆို အရမ်းဖြစ်ချင် လိုချင်ကြတာလေ...

..................

ဂျပန်ကပြန်ရောက်ပြီး အလုပ်တွေပုံနေတာနဲ့
ရှောင်ကျန့်ရော ရိပေါ်ရော ကုမ္ပဏီကိုတန်းအလုပ်ဆင်းရတော့သည်။

ရှောင်ကျန့်ရုံးခန်းထဲ အလုပ်လုပ်နေတုန်း အပေါ့သွားချင်လာ၍ သန့်စင်ခန်းထဲပြေးရတော့သည်....

"ဟူး...ရေသောက်များလို့လားမသိဘူး ဒီ၁ရက်၂ရက် တော်တော် ပေါက်နေပါလား "

ခဏတိုင်း ဆီးသွားချင်နေတာကို အစကပုံမှန်ထင်ပေမဲ့ ၂ရက်ရှိပီမလို့ သတိထားမိပြီး ရေရွတ်နေမိသည်။

.............

၅ရက်မြောက်နေ့...
အလုပ်ကိစ္စနဲ့အပြင်ရောက်နေချိန်.....
ယွိပင်းထံမှဖုန်းဝင်လာ၍

"အေး ယွိပင်းပြော "

"ဖက်ထုပ်လား ကောင်းတာပေါ့ ဘယ်ဆိုင်လဲ "

"အိုခေ ခုလာခဲ့လိုက်မယ် စောင့်နေ "

နေ့လည်စာစားချိန်မလို့ ယွိပင်းနဲ့ ကျိုးချန် ဖက်ထုပ်ဆိုင်ရောက်နေ၍ သူ့ကိုဖုန်းဆက်ခေါ်တာပင်....

Game Of LifeWhere stories live. Discover now