19

1.9K 139 2
                                    

Unicode
"ဝမ်လေး...မပြိုင်လို့မရဘူးလား "

မျက်နှာငယ်လေးနဲ့ဘေးကနေလိုက်နေတဲ့ကောရဲ့ပါးလေးကို လက်နှစ်ဘက်နဲ့ညှစ်လိုက်တော့ နှုတ်ခမ်းလေးဆူထွက်လို့လာသည်...

ရိပေါ်အသဲတယားယားနဲ့အနမ်းပေးလိုက်ပြီး..
"ကောကမကြိုက်ဘူးလား "

"မကြိုက်ဘူးလို့တော့မဟုတ်ပါဘူး ဝမ်လေးထိခိုက်မိမှာစိုးရိမ်လို့"

ဒီနေ့ဆိုင်ကယ်အသင်းပေါင်းစုံပြိုင်ပွဲမလို့ ရိပေါ်ဝင်ပြိုင်မည်ကို ရှောင်ကျန့်စိုးရိမ်နေခြင်းပင်...

"ကိုယ့်ကိုမယုံဘူးလား "

"အာ့လိုမဟုတ်ပါဘူး ဟူး...အဲဒါဆိုလဲ ဆုရအောင်လုပ် ယွိပင်းတို့နဲ့ကောလာခဲ့မယ်ဟုတ်ပီလား "

"ဒါမှ ကိုယ့်အသဲ...အားဆေးပေးပါဦး "

~~~ ပြွတ် ~~~

"ကိုယ်သွားပီနော် "

"အင်း "

ရှောင်ကျန့်စိုးရိမ်ပေမဲ့ ရိပေါ်ချစ်မြတ်နိုးရတဲ့ဝါသနာတခုမလား ပါရမီဖြည့်ဘက်အနေနဲ့အားပေးသင့်တယ်လေ...

ရိပေါ်ထွက်သွားပြီး ရှောင်ကျန့်လဲပြင်ဆင်ကာ ယွိပင်းတို့ကိုစောင့်နေလိုက်သည်။ ရိပေါ်အကြောင်း ယွိပင်းတို့အခုထိမသိသေး သူ့ချစ်သူဖန်ရှင်းအကြောင်းရောပေါ့...

ကျိုးချန်ကသူ့လူကြီးပါခေါ်လာမည်ဆိုသောကြောင့် ယွိပင်းနဲ့ရှောင်ကျန့် သူ့ရဲ့ကားအသစ်လေးနဲ့သွားဖို့ဆုံးဖြတ်ထားခဲ့သည်...

ရှောင်ကျန့်အိမ်ကြီးဆီကိုထွက်လာတော့..

အပေါ်ထပ်ကနေ ဂျင်းဘောင်းဘီ.တီရှပ်အပြာလေးတွဲဖက်ဝတ်ဆင်၍ အပြာနုရောင်working shoesစီးပြီး လျှာထိုးဦးထုပ်လေးဆောင်းကာ ဆင်းလာတဲ့ မာမားကိုတွေ့လိုက်၍...
"မာမား.."

"အမလေး လန့်လိုက်တာ ဟင် ကျန့်ကျန့် ကုမ္ပဏီမသွားဘူးလား "
သူ့ခေါ်သံကိုလန့်သွားတယ်တဲ့ ဘာတွေတွေးပြီး ဆင်းလာလဲမသိဘူး

"အင်း ကိစ္စလေးရှိလို့ မာမားကရော လန်းနေပါလား "

"အဲဒါက မာမားလဲအလုပ်လေးရှိလို့ ဒီလိုလေးသွားရမဲ့နေရာမလို့လေ "

Game Of LifeWhere stories live. Discover now