Part-5

3K 225 8
                                    

Unicode
Unicode

"ဝမ်ရိပေါ်  မင်း... "

.......ခွပ်........

ရှောင်ကျန့်ဒေါသထိပ်ဆုံးသို့ရောက်သွားပြီး ရိပေါ်ကော်လံကိုဆွဲကာ ထိုးလိုက်တော့သည်။

အခြေနေကိုကြိုတွေးထားတဲ့ရိပေါ် က အေးအေးလူလူနဲ့နှုတ်ခမ်းမှစီးကျလာတဲ့သွေးအနည်းငယ်ကို သုပ်လိုက်ကာ....

"မင်းလက်သီးအာ့လောက်ပြင်းလိမ့်မယ်လို့ ထင်မထားဘူး "

"တောက်....ဝမ်ရိပေါ် မင်းငါ့ကိုဘယ်လိုကောင်မှတ်နေလဲ ဟမ် ယောကျာ်းချင်းယူရအောင် ငါအခြောက်မဟုတ်ဘူးကွ"

"အင်း... ငါသိတယ်လေ မင်းကိုလဲအခြောက်လို့ငါပြောမိလို့လား မင်းနဲ့ငါလက်ထပ်ကြမယ်လို့ပြောတာလေ "

"မင်း...  တော်တော့ မဖြစ်နိုင်တာတွေ"

"မင်းငါနဲ့လက်ထပ်မှရမယ် "

"အကြောင်းပြချက်ပြောကြည့်လိုက်"

" ညကမင်းဆေးခတ်ခံရတယ် ရည်ရွယ်တာကမင်းတော့မဟုတ်ဘူး ဘာကြောင့်မှားသွားလဲ ငါတို့လဲမသိဘူး သူတို့ပြောတာကမင်းရှေ့ကအခန်းနဲ့မှားတာလို့ပဲသိရတယ် "

ရိပေါ်ရှောင်ကျန့်ကိုကြည့်လိုက်တော့မလုံမလဲဖြစ်နေတဲ့မျက်နှာကြီးဖြင့်....

ရှောင်ကျန့် ရှုမိန်အခန်းမှားစေရန် Room Noကိုသူကိုယ်တိုင်ပြောင်းခဲ့တာကိုသတိရသွားတော့သည်။

"ငါရောက်တော့ မင်းကအိပ်ပျော်နေတာနဲ့...ငါလဲဒီမှာပဲအိပ်လိုက်တာ အဲဒိအထိပြသနာမရှိသေးဘူး မင်းဆေးရှိန်တက် အသိစိတ်တွေပျောက်ပြီး ပေါက်ကရတွေလျှောက်လုပ် ငါမင်းကိုမနဲထိန်းပေးလိုက်ရတာမင်းသိလား..."

"အာ့လောက်တောင်လား ငါဘာလို့မမှတ်မိရတာလဲ စဥ်းစားလို့မရဘူး "

*တော်သေးတာပေါ့...အိပ်ဆေးမဆိုစ လောက်လေးများသွားလို့မနက်မနိုးတော့ဘူးလို့တောင်ထင်နေတာ*

"စဥ်းစားမနေနဲ့...အဲဒါကို နာမည်ကြီးမီဒီယာတစ်ခုက ဘယ်လိုသတင်းရသွားလဲမသိဘူး မနက်ကငါ့ဆီပုံတွေပို့ပြီးဖုန်းဆက်လာတယ်"

Game Of LifeWhere stories live. Discover now